Homeသတင်းလွိုင်ကော်မြို့နယ် ပိန်းချစ်ကျေးရွာမှာ ဒေသခံလူငယ်တစ်ဦး မိုင်းနင်းမိ

လွိုင်ကော်မြို့နယ် ပိန်းချစ်ကျေးရွာမှာ ဒေသခံလူငယ်တစ်ဦး မိုင်းနင်းမိ

-

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့နယ် လွိုင်လင်လေးအနောက်ဘက်ခြမ်း ပိန်းချစ်ကျေးရွာမှာ အသက်၁၇နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ီဥး မိုင်းနင်းမိပြီး ညာဘက်ခြေထောက်၊ ခြေဖမိုး ပြတ်ထွက်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ ပိန်းချစ်ရွာအနီးမှာ ဖြစ်တာဗျ။ စစ်ကောင်စီတွေ တပ်ဆင်ထားတဲ့ နေရာမှာ အဲ့ဒီရွာကလေးတစ်ယောက်က ငှက်လိုက်ထောင်ရင်းနဲ့ နင်းမိတယ်လို့ ပြောတယ်ဗျ။ ၂၀ရက်နေ့ ည၁၂နာရီကျော်ပေါ့။ ၂၁ရက်နေ့ မနက် ၁၂နာရီခွဲ အချိန်မှာပေါ့။ အဲ့ဒီအချိန်မှာ မိုင်းနင်းမိတာဗျ။ သူတို့က ဆေးခန်းတစ်နေရာကို သွားပြတော့ ဆေးခန်းတစ်နေရာလည်း မနိုင်တော့ ကျနော်တို့ ဘက်ဆေးခန်းကို ပြန်ပြလာတာပေါ့နော။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ခွဲစိတ်ခန်းရှိတဲ့နေရာတစ်ခုမှာ ဆေးကုသမှုခံယူနေပြီး အသက်အန္တာရာယ် မစိုးရိမ်ရတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

ကန္တာရဝတီတိုင်း(မ်)က လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ စာရင်းအရ ကရင်နီပြည်နယ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ထောင်ထားတဲ့မိုင်းတွေ နင်းမိပြီး ဒဏ်ရာရရှိတဲ့ ဒေသခံ ၈ဦးရှိသွားပြီဖြစ်ပါတယ်။

ဓာတ်ပုံ – Loikaw – Eastern Rescue Team

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ