spot_img
24.6 C
Loikaw
Thursday 2, October 2025
spot_img
Homeသတင်းစိုက်ပျိုးရေးသီးနှံများပျက်စီးခဲ့ကြသည့် ဒေသခံများ အစားအသောက်နှင့် အလှူငွေအချို့ရရှိ

သီးနှံများပျက်စီးခဲ့ကြသည့် ဒေသခံများ အစားအသောက်နှင့် အလှူငွေအချို့ရရှိ

-

ဂျိုးဇက်

ကြွက်များကြောင့် သီးနှံများပျက်ဆီးသွားခဲ့ကြသည့် ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ သိကျိတ်အုပ်စုတွင်းရှိ ဒေသခံများအား ကုမ္ပဏီတချို့နှင့်အလှူရှင်များက ငွေနှင့်အစားအသောက် အဝတ်အစားများ ထောက်ပံ့ခဲ့ကြသည်ဟု ၎င်းအုပ်စုမှ ဥက္ကဌ ဦးသိုင်းကျော်လှက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လပိုင်းမှစပြီး စပါးအနှံစတင်ထွက်သည့်အချိန်တွင် ကြွက်များ ဖျက်ဆီးခံလိုက်ရသည်အတွက် ဒေသခံများ အခက်အခဲကြုံတွေ့ခဲ့ကြရခြင်းဖြစ်သည်။

“ရွာတိုင်း ပျက်ဆီးသွားပါတယ်။ လေဒူခေါင် တစ်ရွာတည်းမှာတောင် ဧက ၈ဝ လောက် ဖျက်ဆီးခံရတယ်။ ဘေးကကျေးရွာတွေ မပါသေးဘူး။ အစက ပြောင်းဖူးပင်ကို အရင်ဆုံးဖျက်တယ်။ ပြောင်းဖူးကုန်တော့ စပါးပင် ထပ်မံ ဖျက်ဆီးတယ်။” ဟု ဦးသိုင်းကျော်လှက ပြောသည်။

ကြွက်များကြောင့် ပျက်စီးသွားသည့်သီးနှံများမှာ စပါး၊ ငရုတ်သီး၊ သခွားသီး၊ ဖာလာ နှစ်ရှည်ပင်များ စုစုပေါင်း ဧက ၅၀ဝ ခန့်ရှိသည်ဟု သိရသည်။

ရှမ်းပြည်နယ်အစိုးရ နေရာပြန်လည်ချထားရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် အနာဂတ် အလင်းတန်း မြန်ုမာဖောင်ဒေးရှင်းနှင့် စိန်နော်သတ္တုတူးဖော်ရေးကုမ္ပဏီ ၊ ထီးဒေးစတားကုမ္ပဏီ၊ စုဝေအောင် စက်မှုထုတ်လုပ်မှုကုမ္ပဏီ၊ Southern Nonferrous Metal ကုမ္ပဏီတို့မှ ပူးပေါင်းပြီး တစ်အိမ်ထောင်အတွက် ငွေ (၅၀၀၀၀/ိ) ကျပ်နှင့် ဆန်အိတ်၊ စောင်၊ အဝတ်အထည်များ ကိုလာရောက် လှူဒါန်းသွားခဲ့ခြင်းဖြစ်သည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ