spot_img
17.8 C
Loikaw
Tuesday 24, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းCDM သူနာပြု ၂၀၀ဦးနဲ့ ဖွဲ့စည်းထားတဲ့ KNA က ကျန်းမာရေးဝန်ဆောင်မှုပေး

CDM သူနာပြု ၂၀၀ဦးနဲ့ ဖွဲ့စည်းထားတဲ့ KNA က ကျန်းမာရေးဝန်ဆောင်မှုပေး

-

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက် အာဏာရှင်ဖီဆန်တဲ့ လူထုလှုပ်ရှားမှု ( CDM ) ကို ပြုလုပ်ကြတဲ့ သူနာပြု ( Nurses ) တွေ ၂၀၀ဦးစုပေါင်းပြီး ဖွဲ့စည်းထားတဲ့ Karenni Nurses Association ( KNA ) ဟာ မြို့နယ်တော်တော်များများမှာ ကျန်းမာရေး ဝန်ဆောင်မှုပေးနေတယ်လို့ KNA ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

Karenni Nurses Association ( KNA ) ကို ၂၀၂၂ခုနှစ်ဖေဖော်ဝါရီလ ၂၈ရက်နေ့ မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကရင်နီပြည်နယ်က ကျန်းမာရေးကို မြှင့်တင်ချင်တဲ့အတွက် ဖြစ်တယ်လို့ KNA ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ဆေးတွေက ခက်ခဲတဲ့အတွက် ဆရာမတွေက တစ်ယောက်တစ်နေရာစီပေါ့နော။ ကိုယ့်ဒေသနဲ့ကိုယ် ဖြစ်နေတော့လေ။ အချိတ်အဆက် မမိနိုင်ကြဘူး။ တစ်ခါတလေ လူနာလွဲဖို့ ကိစ္စ။ ဆေးတွေရရှိဖို့ ကိစ္စ လက်လှမ်းမမှီတဲ့ အခါမှာပေါ့လေ။ အဲ့တာတွေကို ပြန်လည်ပြီးတော့ ချိတ်ဆက်ချင်တယ်။ ပြီးတော့ ကရင်နီပြည်နယ်မှာရှိတဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးကို မြှင့်တင်ပေးချင်တဲ့ အတွက်ကြောင့်ပေါ့နော။ “ လို့ KNA ဖွဲ့စည်းထားရခြင်းရဲ့ အကြောင်းရင်းကို တာဝန်ရှိသူတစ်ဦးကပြောတာပါ။

ကရင်နီပြည်မှာ CDM ပြုလုပ်တဲ့ သူနာပြုတွေထဲက တချို့ဟာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့ လက်နက်ကိုင်ကြတာတွေရှိသလို တချို့ကလည်း ရောက်တဲ့နေရာမှာ ကျန်းမာရေးဝန်ဆောင်မှု ဆောင်ရွက်ပေးနေတာတွေလည်း ရှိပါတယ်။

လက်ရှိကရင်နီပြည်မှာ ကရင်နီကျန်းမာရေးဌာန၊ လူထုကျန်းမာရေးနှင့်ဖွံ့ဖြိုးရေးကွန်ယက် CHDN တို့ ကကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတာရှိပြီး ကရင်နီတပြည်လုံးကိုတော့ လွမ်းခြုံနိုင်တာမျိုးမရှိသေးဘူးလို့သိရပါတယ်။

မေလ ၁၂ရက်နေ့မှာ International Nurses Day ဖြစ်တဲ့အတွက် စစ်ရှောင်တွေကို ဂုဏ်ပြုကြောင်းနဲ့ လူထုကျန်းမာရေးကို ဆက်လက်ပြီး လုပ်ဆောင်သွားကြမယ်လို့ KNA ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း CDM သူနာပြုလုပ်တဲ့ မောင်မီရယ်မနွေးလယ်ဟာ ရှေ့တန်းတစ်နေရာမှာ ကူညီရင်း ကျဆုံးသွားခဲ့ရပါတယ်။ သပိတ်တွေမှာဦးဆောင်ရင်း CDM သူနာပြုတစ်ဦးဖြစ်တဲ့ ဆရာမ နန်းစုစုအောင် လည်း စစ်ကောင်စီရဲ့ ဖမ်းဆီးထားခြင်း ခံနေရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ