spot_img
32.5 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းKSCC က ပအိုဝ်းလူထုအပေါ် အိတ်ဖွင့်ပေးစာ ပေးပို့

KSCC က ပအိုဝ်းလူထုအပေါ် အိတ်ဖွင့်ပေးစာ ပေးပို့

-

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ( KSCC ) က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာရှိတဲ့ ပအိုဝ်းအမျိုးသား၊ အသင်းအဖွဲ့နဲ့ ပြည်သူလူထုအတွက် အိတ်ဖွင့်ပေးစာ တစ်စောင်ကို ဒီကနေ့ မေလ ၁၄ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကရင်နီပြည်မှာ စစ်ကောင်စီကို တော်လှန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ကရင်နီပြည် နယ်စပ်တစ်လျှောက်မှာလည်း စစ်ကောင်စီရှိတဲ့နေရာမှာ တိုက်ပွဲတွေ ဖြစ်ပွားနိုင်တဲ့အတွက် လမ်း၊ တံတား၊ အပြစ်မဲ့ပြည်သူတွေနဲ့ အိုးအိမ်တွေ ပျက်စီးနိုင်တဲ့အတွက် အလွန်စိုးရိမ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီအတွက်ကြောင့် စစ်ကောင်စီရှိတဲ့ နေရာတွေကို အတတ်နိုင်ဆုံး ရှောင်ရှားနေထိုင်ကြဖို့၊ စစ်ကောင်စီနဲ့ ပူးတွဲလှုပ်ရှားခြင်း မပြုလုပ်ကြဖို့၊ စစ်ကောင်စီကနေ ကရင်နီပြည်အတွင်း အင်အားတိုးချဲ့မှုတွေကို ဟန့်တားဖို့ ( သို့မဟုတ် ) ရှောင်ရှားဖို့ ထုတ်ပြန်ချက်မှာ တိုက်တွန်းပန်ကြားထားပါတယ်။

ကရင်နီလူထုဖြစ်စေ၊ တပ်ဖွဲ့ဖြစ်စေ၊ KSCC အဖွဲ့ဝင် အဖွဲ့အစည်းတွေ ဖြစ်စေ ပအိုဝ်းလူမျိုးနဲ့ ပအိုဝ်းဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေကို လေးစားကြောင်းနဲ့ ကျူးကျော်လိုစိတ် လုံးဝ ( လုံးဝ ) မရှိကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ