spot_img
19.1 C
Loikaw
Thursday 16, October 2025
spot_img
Homeသတင်းဖယ်ခုံမြို့နယ် လွယ်မကူးတောင်ပေါ်မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ ၉ဦးသေဆုံး

ဖယ်ခုံမြို့နယ် လွယ်မကူးတောင်ပေါ်မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ ၉ဦးသေဆုံး

-

ကန္တာရဝတီတိုင်း( မ် )

ဖယ်ခုံမြို့နယ် လဟယ်ကျေးရွာအနီး လွယ်မကူးတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ယနေ့ ဇူလိုင်လ ၂၁ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၉ဦး သေဆုံးခဲ့တယ်လို့ KNDF B-03 က ထုတ်ပြန်ထားပါတယ်။

ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း( ၂ ) ၊ KNDF B-03 နဲ့ စစ်ကောင်စီတို့ ဇူလိုင်လ ၂၁ရက်နေ့ နေ့လည် ၃နာရီအချိန်ကစတင်ပြီး တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်တာရှိပေမယ့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် နားဟီးကျေးရွာနဲ့ ဗန့်ခူးကျေးရွာမှာ ကျရောက်ပေါက်ကွဲတာတွေရှိခဲ့ပြီး ဒေသခံတွေလည်း စစ်ဘေးရှောင်နေရတယ်လို့ ဆိုပါတယ်။

ဖယ်ခုံမြို့နယ်က လွယ်မကူးတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မကြာခဏ သွားရောက်ပစ်ခတ်တာရှိပါတယ်။

တပ်စွဲထားနေတဲ့ စစ်ကောင်စီဟာ အနီးအနားကျေးရွာက ဒေသခံနေအိမ်တွေကို ဖောက်ထွင်းဝင်ရောက်တာတွေ ရှိနေပါတယ်။ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာအနီးက ဒေသခံတွေဟာလည်း စစ်ဘေးရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ