spot_img
17.8 C
Loikaw
Sunday 7, December 2025
spot_img
Homeသတင်းယခုရက်ပိုင်း ဘောလခဲ- လွိုင်ကော် ရဟတ်ယာဉ် အသွားအပြန်ပြုလုပ်တာများနေ

ယခုရက်ပိုင်း ဘောလခဲ- လွိုင်ကော် ရဟတ်ယာဉ် အသွားအပြန်ပြုလုပ်တာများနေ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်မှာ ယခုရက်ပိုင်း စစ်ကောင်စီ စစ်ရဟတ်ယာဉ်တစ်စီး လွိုင်ကော်-ဘောလခဲ၊ ဘောလခဲ-လွိုင်ကော် အသွားအပြန်ပြုလုပ်တာများနေတယ်လို့ KNDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ဒီကနေ့ နေ့ခင်းပိုင်းမှာလည်း စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး တစ်ရက်ထဲ အသွားအပြန် ၄ကြိမ်ထက်မနည်းပြုလုပ်နေပါတယ်။

“ဒီရက်ပိုင်းအတွင်းမှာက စကစ ဘက်က ရဟတ်ယာဉ်တွေ အသွားအလာ တော်တော်များများလုပ်တယ်ပေါ့နော။ ဒီအဓိက ဘောလခဲပေါ့နော။ လွိုင်ကော် – ဘောလခဲ ၊ ဘောလခဲ – လွိုင်ကော် အသွားအပြန်လုပ်နေတယ်ပေါ့။ ဘာလုပ်တာလဲ။ ရိက္ခာပို့တာလား။ လူပို့တာလား။ ကျနော်တို့ သေချာမသိဘူး။ ဒီရက်ပိုင်းထဲမှာတော့ အသွားအလာများတယ်။” လို့ KNDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ ရဟတ်ယာဉ်ကသာ အသွားအလာပြုလုပ်တာ၊ မြေပြင်ကင်းထောက်တာ များနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ တတိယပတ်အတွင်း ကရင်နီပြည်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၂၀ကျော် သေဆုံးသွားတယ်လို့ KNDF ကထုတ်ပြန်ထားပါတယ်။ ကရင်နီပြည်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေတာပါ။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ