spot_img
26.2 C
Loikaw
Sunday 22, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းမြန်မာအမျိုးသားလေကြောင်း လွိုင်ကော်ခရီးစဉ်ကို ရက်အကန့်အသတ်မရှိ ဖျက်သိမ်း

မြန်မာအမျိုးသားလေကြောင်း လွိုင်ကော်ခရီးစဉ်ကို ရက်အကန့်အသတ်မရှိ ဖျက်သိမ်း

-

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ စက်တင်ဘာလ (၃၀)ရက်နေ့ လွိုင်ကော်လေဆိပ်အဆင်းမှာ လေယာဉ်ပစ်ခတ်ခံရပြီးနောက် မြန်မာအမျိုးသားလေကြောင်း(MNA) လွိုင်ကော်ခရီးစဉ်ကို ရက်အကန့်အသတ်မရှိ ဖျက်သိမ်းလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။

လေယာဉ်လက်မှတ်ဝယ်ထားသူတွေအနေနဲ့ မိမိတို့လက်မှတ်ဝယ်ယူထားတဲ့ အရောင်းဌာနမှာ ပြန်အမ်းငွေ ပြန်လည်ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။

ဒီကနေ့ မနက်ပိုင်း ၈နာရီ ၄၅မိနစ်မှာဆင်းသက်ဖို့ ရန်ကုန်-နေပြည်တော်-လွိုင်ကော်- ရန်ကုန် ပျံသန်းလာတဲ့ MNA ခရီးသည်တင်လေယာဉ်အမှတ် XY-AML၊ လေယာဉ်အမျိုးအစား ART-72(600)ဖြင့် ခရီးသည် ၆၃ဦးလိုက်ပါစီးနင်းလာပြီး လေယာဉ်အဆင်းမှာ ဘယ်ဖက်ဝမ်းဗိုက်ပိုင်း ပစ်ခတ်ခံရပြီး ကျည်ဖောက်ဝင်ကာ ပြတင်းပေါက်နား လိုက်ပါစီးနင်းလာတဲ့ ခရီးသည်အမျိုးသားနှစ်ဦး ကျည်ထိမှန်ခဲ့တယ်လို့ စစ်ကောင်စီဖက်က ပြောဆိုပါတယ်။

ထိခိုက်သွားတဲ့ ခရီးသည်နှစ်ဦးကတော့ ဆေးကုသမှုခံယူနေပေမယ့် အခြေအနေအသေးစိတ်ကိုတော့ မသိရှိရပါဘူး။ လေယာဉ်ပစ်ခတ်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်တယ်ဆိုတာကို အတည်မပြုသေးနိုင်ပေမယ့် စစ်ကောင်စီကတော့ လွိုင်ကော်လေဆိပ်ကို ဆင်းသက်ရန်အဆင်း အမြင့်ပေ ၃၅၀၀ခန့်မှာ ပစ်ခတ်ခံရတယ်လို့ စွပ်စွဲထုတ်ပြန်ထားပါတယ်။

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ပစ်ခတ်ခံရမှုမတိုင်ခင် အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တွေမှာ ပုံမှန်ပြေးဆွဲလျှက်ရှိတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ