spot_img
15.9 C
Loikaw
Friday 27, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလွိုင်ကော်မှာ ဓာတ်ဆီစျေး တစ်လီတာကို ၂၃၀၀ကျပ်ဝန်းကျင် ပေါက်ဈေးရှိ

လွိုင်ကော်မှာ ဓာတ်ဆီစျေး တစ်လီတာကို ၂၃၀၀ကျပ်ဝန်းကျင် ပေါက်ဈေးရှိ

-

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် လွိုင်ကော်မြို့မှာ စက်တင်ဘာလကုန်ကစပြီး ဓာတ်ဆီစျေး ကျဆင်းကာ ဒီကနေ့ အောက်တိုဘာလ ၁၈ရက်နေ့မှာတော့ 92 တစ်လီတာကို ၂၃၀၀ကျပ်ဝန်းကျင် ပေါက်ဈေးရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

92တလီတာကို ၂၃၀၀ ဝန်းကျင်၊ 95 တလီတာကို ၂၄၀၀ ဝန်းကျင် ပေါက်ဈေးရှိပြီး စက်သုံးဆီအရောင်းဆိုင်ကြီးနဲ့ ဆိုင်ငယ် ဈေးနှုန်းကွာခြားမှုရှိတယ်လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ဒေါ်လာစျေးတွေ မတည်ငြိမ်ချိန် လွိုင်ကော်မြို့တွင်းမှာ ဓာတ်ဆီစျေး တစ်လီတာကို ၃၅၀၀ကျပ် အထိ၊ ကျေးလက်ဒေသဖက်မှာ တစ်လီတာကို ၅ထောင်ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး စက်တင်ဘာလကုန်ကစ ပြန်လည်ကျဆင်းလာတာဖြစ်ပါတယ်။

“ဆီစျေးကျတာကတော့ အရမ်းကြီးတော့လည်းထူးတယ်မခံစားရပါဘူး။ ဘာလို့ဆို ပစ္စည်းတွေမှာလည်းတန်ဆာခတွေကြီးနေတာပဲ။ မြို့ထဲလည်းထွက်လို့ကောင်းနေတာမျိုးမဟုတ်သလို တစ်နေရာနဲ့ တစ်နေရာလည်း အရမ်းမှမဝေးပဲ။ ဒါပေမဲ့ စျေးပတ်သမားတွေတော့ အကျိုးရှိကောင်းရှိနိုင်မှာပေါ့။” လို့ လွိုင်ကော်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်အများစုရှိကြတဲ့ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းမှာလည်း လက်ရှိဓာတ်ဆီ 92 တစ်လီတာကို ၂၅၀၀ကျပ်အထိ ပြန်လည်ကျဆင်းနေပြီလို့ သိရပါတယ်။

ဓာတ်ဆီစျေးတွေ ပြန်လည်ကျဆင်းလာပေမဲ့ တခြားအခြေခံစားသောက်ကုန်စျေးနှုန်းတွေကတော့ ပုံမှန်အတိုင်း မြင့်တက်နေတယ်လို့ ဒေသခံတွေ ဆိုကြပါတယ်။

စက်သုံးဆီသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှာ အောက်တိုဘာလ ၁၈ရက်နေ့ ဓာတ်ဆီဈေးနှုန်းဖော်ပြချက်အရ လွိုင်ကော်မြို့မှာ ဓာတ်ဆီ 92 တစ်လီတာ ၂၀၄၀ကျပ် ၊ ၉၅ တစ်လီတာကို ၂၁၁၀ကျပ် ရှိပါတယ်။

ယခင်က တခြားကုန်စျေးနှုန်းနဲ့အတူ ဓာတ်ဆီစျေးနှုန်းမှာ ဩဂုတ်လကစ ဈေးနှုန်းမြင့်တက်လာခဲ့ပြီး တစ်ခါထည့် ကျပ်သုံးသောင်းအောက်ကိုသာ ထည့်သုံးရတဲ့ အခြေအနေနဲ့ ကျေးလက်ဒေသတချို့မှာ စက်သုံးဆီလုံးဝပြတ်လပ်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ