spot_img
15.6 C
Loikaw
Tuesday 27, January 2026
spot_img
Homeမာလ်တီမီဒီယာစစ်ရှောင်စခန်းတစ်ခုမှာ ပန်းပုပညာ စိတ်၀င်စားသူတွေအတွက် ပန်းပု သင်တန်းဖွင့်ပေး

စစ်ရှောင်စခန်းတစ်ခုမှာ ပန်းပုပညာ စိတ်၀င်စားသူတွေအတွက် ပန်းပု သင်တန်းဖွင့်ပေး

-

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုအနောက်ဖက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ ပန်းပုပညာ စိတ်၀င်စားသူအတွက် ပန်းပုဆရာတစ်ဦးကနေပြီး ပန်းပု သင်တန်းဖွင့်လှစ်သင်ကြားပေးနေတယ်လို့သိရပါတယ်။

မြန်မာ့ရိုးရာ မြန်မာမှုမပပျောက်ဖို့ကို ရည်ရွယ်ပြီး သင်ကြားပေးဖြစ်တာလို့ ပန်းပုသင်ကြားပေးသူ ဆရာဒေါမိနစ် ကအခုလိုပြောပါတယ်။

” အရင်တုန်းကတော့ဒီလိုလုပ်လာခဲ့တာ ထုလာခဲ့တာပေါ့နော ၇ နှစ်လောက်ရှိပြီ။ အဲ့ဒါ အခုကတော့ကလေးတွေပေါ့ အငယ်သားတွေ ပညာပေးချင်လို့ပေါ့ ။ ဒီပန်းပုတွေကမပျောက်သွားအောင်ပေါ့။ ဒီလိုမြန်မာမှုတွေဆိုတာက ကမ္ဘာသိအောင်မျိုးဆက်လည်းမပျက်အောင်ဆိုတော့ အခုလ သင်တန်းပို့ချပေးတာပေါ့ ”

လက်ရှိမှာတော့ သင်တန်းသား ၇ ယောက်ရှိပြီး သင်တန်းသားအများစုက စစ်ရှောင်ဖြစ်တယ်လို့သိရပါတယ်။ စစ်ရှောင်မှာ သင်ကြားပေးတာ ပထမဆုံးဖြစ်ပြီး သင်တန်းသားတွေက ၁၂ မှ ၁၈နှစ်ထိ ကျောင်းနေအရွယ်တွေဖြစ်တယ်လို့သိရပါတယ်။

သင်တန်းလာတက်ရောက်တဲ့ သူတွေကိုယ်တိုင် တတ်မြောက်တဲ့ထိ သင်ကြားပေးမှာဖြစ်ပြီး နောက်ထပ် ပန်းပု စိတ်၀င်စားသူတွေကို ထပ်မံသင်ပေးသွားမယ်လို့ ဆရာ ဒေါမိနစ်က ပြောပါတယ်။

ပန်းပုထုတဲ့ခါ ယဥ်မနီ၊ကျွန်း၊ပိတောက်၊ကုက္ကို၊သာမလန်းစတဲ့ အပင်နဲ့ထုရင် အကောင်းဆုံးဖြစ်တယ်လို့လည်း ဆရာကပြောပါတယ်။ ယခုသင်တန်းမှာတော့အခြားအပင်တွေမရတဲ့အတွက် ယဥ်မနီ ကိုသုံးထားတယ်လို့ဆိုပါတယ်။

သင်တန်းသားတွေ ထုပြီးတဲ့ ပန်းပုကိုအချောသတ်ပြီးရင် ထုတ်ရောင်းဖို့အစီအစဥ်လည်းရှိတယ်လို့သိရပါတယ်။ အောက်တိုဘာလ၂၅ရက်နေ့ကစပြီး အပတ်စဥ် စနေနေ့တိုင်း သင်တန်းကြေး အခမဲ့ နဲ့ စတင်သင်ကြားပေးနေပြီဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ