spot_img
19 C
Loikaw
Thursday 26, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒကစအနောက်ဖက် လွိုင်ကော်နာရီစင်နားက ဆိုင်ခန်းတချို့ကို လုံခြုံရေးအရဖယ်ရှားခိုင်း

ဒကစအနောက်ဖက် လွိုင်ကော်နာရီစင်နားက ဆိုင်ခန်းတချို့ကို လုံခြုံရေးအရဖယ်ရှားခိုင်း

-

ကန္တာရဝတီတိုင်း( မ် )

ဒကစ ( ဒေသကွက်ကဲမှုစစ်ဌာနချုပ် ) အနောက်ဖက် လွိုင်ကော်နာရီစင်နားမှာရှိတဲ့ ထွေအုပ်သက်သာဆိုင်ခန်းတွေကို ရောင်းချခွင့်မပေးတော့ပဲ လုံခြုံရေးအရဆိုပြီး စစ်ကောင်စီကနေ ဖယ်ရှားခိုင်းတယ်လို့ သိရပါတယ်။

“သူတို့က ဝါကျွတ်ရင်ဖယ်ရမယ်ဆိုတာနဲ့ ကျမတို့က ဒီသီတင်းကျွတ် ၁၀လပိုင်းဆိုတာနဲ့ သူတို့က အပြီးပြောင်းရွေ့ရမယ်ဆိုပြီးတော့ သူတို့က ၈လ၊ ၉လ လောက်ကတည်းက သူတို့စာထုတ်က ကျမတို့လည်း တကယ်ဖြစ်မလား။ မဖြစ်ဘူးလားဆိုပြီးတော့ နေလိုက်တယ်။ အခုကျတော့ သူတို့က အုတ်တံတိုင်းနဲ့ခတ်ပြီ သူတို့က ၆ပေအမြင့်နဲ့ခတ်မယ်ဆိုတော့ ကျမတို့က ဘယ်လိုမှ နေလို့မရတော့တဲ့အခါကျတော့ ဆိုင်ခန်းတွေအကုန်လုံးပြောင်းရတာပေါ့။ ရွေ့ပေးရတာပေါ့။” လို့ သူက ပြောပါတယ်။

နှစ်ပေါင်း ၂၆နှစ်နီးပါး ရောင်းချနေခဲ့တဲ့ ထွေအုပ်သက်သာဆိုင်မှာ တစ်ဦးကို ဆိုင်ခန်းနှစ်ခန်းနဲ့ ဆိုင်ရှင် ၆ဦးရှိတယ်လို့ဆိုပါတယ်။ မြန်မာတနိုင်ငံလုံးက ထွေအုပ်သက်သာဆိုင်တွေအပြင် ရဲ၊မီးသတ်စတဲ့ ဆိုင်တွေကိုပါ ဖယ်ခိုင်းတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကတည်းက ဖယ်ရှားမည့် အကြောင်းကြားစာရောက်လာခဲ့ပေမဲ့ ဆက်လက်တည်ရှိနေခဲ့ပြီး ဒုတိယအကြိမ်အကြောင်းကြားပြီး ဆောက်လုပ်ရေးတွေစတင်ချိန်မှာ နေထိုင်လို့မရတော့တဲ့အတွက် ပြောင်းရွေ့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဆိုင်ခန်းတွေမှာ ရောင်းချခဲ့သူတချို့ဆိုင်ကတော့ တခြားနေရာကိုပြောင်းရွေ့ဖွင့်လှစ်နေတာလည်း ရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ