Homeမာလ်တီမီဒီယာစစ်ရှောင်စခန်း (၆)ခု စုပေါင်းပြီး ပြုလုပ်ခဲ့ကြတဲ့ ကမ္ဘာကလေး များနေ့ အခမ်းအနား

စစ်ရှောင်စခန်း (၆)ခု စုပေါင်းပြီး ပြုလုပ်ခဲ့ကြတဲ့ ကမ္ဘာကလေး များနေ့ အခမ်းအနား

-

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆို အနောက်ဖက်ခြမ်းစစ်ရှောင်စခန်း (၆)ခု စုပေါင်းကြပြီး နိုဝင်ဘာလ ၂၀ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ကလေးသူငယ်များနေ့ အခမ်းအနားကို စုပေါင်းပြီး ကျင်းပခဲ့ကြပါတယ်။ အခမ်းအနားကို ကလေးသူငယ်တွေ၊ မိဘတွေ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

အခုလို ကျင်းပပြုလုပ်ခြင်းကတော့ ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေကို လျစ်လျူမရှုဖို့အတွက် မိဘနဲ့ အစိုးရတွေကို အသိပေးတာလည်း ဖြစ်သလို ပြန်ပြီးတော့ သတိရလာဖို့အတွက် အခုလို အစီအစဉ်တွေကို ကျင်းပပေးရတာဖြစ်တယ်လို့ အခမ်းအနား အစီအစဉ်သူ တစ်ဦးက ဆိုပါတယ်။

ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ်အနေနဲ့လည်း စာစီစာကုံးပြိုင်ပွဲဲတွေ၊ ပန်းချီပြိုင်ပွဲတွေ ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ