spot_img
11.2 C
Loikaw
Thursday 8, January 2026
spot_img
Homeသတင်းစစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူနေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့

စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူနေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာတွေကို ယမန်နေ့ (နိုဝင်ဘာလ ၂၅ရက်) ည ၇ နာရီ ခွဲဝန်းကျင်လောက်မှာစစ်ကောင်စီတပ်က လက်နက်ကြီး ၁၀ လုံး ထက်မနည်း ပစ်ခတ်ခဲ့ပြီး လူနေအိမ် တစ်လုံး ထိမှန် မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

ဒီးမော့ဆို အခြေစိုက် ၁၀၂ တပ်က ပစ်ခတ်တာ ဖြစ်နိုင်ပြီး လူအထိအခိုက်တော့ မရှိဘူးလို့ ဒေသခံ တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

” ပစ်တာတော့ ၁၀၂ တပ်က ထင်တယ်။ ခါတိုင်းလည်း အဲ့တပ်ကပဲ ပစ်နေတာ။ မနေ့ကတော့ ဘယ်နှလုံးကျလည်းတော့ မသိတော့ဘူး။ အိမ်တစ်လုံးတော့ မီးလောင်သွားတယ်။တော်သေးတယ် အချိန်မှီ မိီးကို ပြန်ငြိမ်းနိုင်ခဲ့လို့ နည်းနည်းလေး သက်သာတယ်။” လို့ လက်နက်ကြီး ကျရောက်ခဲ့တဲ့ ကျေးရွာကဒေသခံ တစ်ဦး ပြောပြပါတယ်။

၈၁ မမအမျိုးအစား လက်နက်ကြီး ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။ ပျဉ်ထောင် နှစ်ထပ်အိမ်တစ်လုံး မီးလောင်ခဲ့ပြီး နေအိမ်ထဲ ဇနီးမောင်နှံ၂ဦးရှိခဲ့ပေမယ့် ထိခိုက်တာတွေမရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီကျေးရွာမှာ လက်နက်ကြီး မကြာခဏ ကျရောက်နေတဲ့အတွက် သေသခံတွေ သက်ကြီးရွယ်အိုတွေ စိုးရိမ် ပူပန်နေကြရပါတယ်။ တချို့ ဒေသခံတွေကတော့ လက်နက်ကြီးရန်ကြောင့် တိမ်းရှောင်နေကြတာတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့ရှိ ကျေးရွာတွေအတွင်း လက်နက်ကြီး ၇လုံးခန့် ကျရောက်ခဲ့ပြီး နေအိမ်တချို့ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ