spot_img
16.2 C
Loikaw
Wednesday 25, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖရူဆိုမြို့နယ်တွင်းက စစ်ကောင်စီတပ်စခန်းနဲ့ ခြေကုပ်စခန်းတို့ကို KA၊ KNDF တို့သွားရောက်တိုက်ခိုက်

ဖရူဆိုမြို့နယ်တွင်းက စစ်ကောင်စီတပ်စခန်းနဲ့ ခြေကုပ်စခန်းတို့ကို KA၊ KNDF တို့သွားရောက်တိုက်ခိုက်

-

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဖရူဆိုမြို့တွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ ခြေကုပ်စခန်းတို့ကို သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ဦးသေဆုံးခဲ့တယ်လို့ KNDF B-15 က ဒီကနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဖရူဆိုမြို့နယ်တွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် (၁၄) တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းကို သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ၃ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့မှာ စစ်ကောင်စီရဲ့ အမှတ် (၁၄) တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းနဲ့ မားခရော်ရှေ့ ခြေကုပ်စခန်းတို့ကို သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကရင်နီတပ်မတော် ( KA )၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) တပ်ရင်း ( ၁၅ ) တို့က သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သွားရောက်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်ကနေ လက်နက်ကြီး၊ လက်နက်ငယ် အများအပြားသုံး ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် KA၊ KNDF ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ