spot_img
17.8 C
Loikaw
Tuesday 24, February 2026
spot_imgspot_imgspot_imgspot_img
Homeမာလ်တီမီဒီယာစစ်ရှောင်စာသင်ကျောင်းတစ်ခုမှာ သင်ပုန်းမလုံလောက်၊ မိုးကာပေါ် စာရေးသင်ကြားနေရ

စစ်ရှောင်စာသင်ကျောင်းတစ်ခုမှာ သင်ပုန်းမလုံလောက်၊ မိုးကာပေါ် စာရေးသင်ကြားနေရ

-

ကန္တာရဝတီတိုင်း( မ် )

ဒီးမော့ဆိုအနောက်ဖက်ခြမ်း စစ်ရှောင်စာသင်ကျောင်းတစ်ခုမှာ KG တန်းအတွက် စာသင်ပုန်းမလုံလောက်တဲ့အတွက် ကျောင်းက အမိုးအကာ ပေါ်မှာ စာရေးသင်ကြားပေးနေရတယ်လို့ ဆရာမ တစ်ဦးက ပြောပါတယ်။

“ကျမတို့ KG တန်းမှာ White Board မရှိတော့ ဆရာမတစ်ယောက်ကနေပြီးတော့ မိုးကာပေါ်မှာဘဲ စာရေးပေးရတယ် အဲလိုမျိုးပေါ့။” လို့ ဆရာမတစ်ဦးကပြောပါတယ်။

အဲဒီစာသင်ကျောင်းဟာ အရင်က ကျေးရွာအတွင်းမှာဖွင့်လှစ်ခဲ့ပေမဲ့ လက်နက်ကြီးရန်တွေကြောင့် စစ်ရှောင်ဘက်ကိုပြောင်းရွေ့ဖွင့်လှစ်ထားတာ ၃လကျော်ရှိနေပြီလို့ သိရပါတယ်။ အဲဒီကျောင်းမှာ မူလတန်းအထိဖွင့်လှစ်ထားပြီး စာရေးကိရိယာတွေ ကျောင်းသုံးပစ္စည်းတွေလည်းလိုအပ်နေတယ်လို့ဆိုပါတယ်။

“လိုအပ်ချက်တွေအများကြီးရှိတယ်ပေါ့ အဲ့ဒီထဲမှာမှ သင်ထောက်ကူပစ္စည်းတွေဖြစ်တဲ့ စာရေးကိရိယာ ဘောပင် ခဲတံကစ ပြီးတော့ မာကာပင် ၊ ပိုက်လော့ ပြီးတော့လက်ရေးလှ စာအုပ်တွေ A4 တွေ white board တစ်ခုလည်း လိုတယ်။”လို့ ဆရာမတစ်ဦးက ဆက်ပြောပါတယ်။

အဲဒီကျောင်းမှာ စစ်ဘေးရှောင် ကျောင်းသူ/ကျောင်းသားဦးရေ ၇၀ ကျော် တက်ရောက်နေပြီး ကျောင်းဆရာမ ၈ဦးရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ