spot_img
29.4 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်းKyWOရဲ့ ပထမ ၆ လပတ်အစည်းအဝေးကို အလယ်ကယန်းဒေသတစ်နေရာမှာ ပြုလုပ်ခဲ့

KyWOရဲ့ ပထမ ၆ လပတ်အစည်းအဝေးကို အလယ်ကယန်းဒေသတစ်နေရာမှာ ပြုလုပ်ခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ရက် နဲ့ ၂၃ ရက် မှာ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO)ရဲ့ ပထမ ၆လပတ် အစည်းအဝေးကို ဒီးမော့ဆိုမြို့နယ် အလယ်ကယန်းဒေသ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

“ ကျမတို့ရဲ့ ၆လပတ်ကတော့ ပုံမှန်ပဲ ခါတိုင်းလိုမျိုးပဲ ကျမတို့ ဒီ သက်ဆိုင်တဲ့ programအလိုက် departmentအလိုက် Teamအလိုက်က သူတို့ရဲ့ ၆လတာ လှုပ်ရှားမှုတွေ ဒီလုပ်ငန်းစဉ်အပေါ်မှာ သုံးသပ်တဲ့ဟာတွေ ကျမတို့ Report တင်ကြတယ်ပေါ့နော။ Report တင်တယ်။ အတည်ပြုတဲ့ ဟာမျိုးတွေရှိတယ်။ အစီရင်ခံစာတွေ တင်သွင်းကြတယ်။ ပြီးတော့ အတည်ပြုတဲ့ အစီအစဉ်တွေ ကျမတို့လုပ်တယ်။ KyWOရဲ့ အဓိက ဒီနိုင်ငံရေး ရပ်တည်ချက်ကို ကျမတို့ ဒီ ကျမတို့ရဲ့ ဒေသ စည်းရုံးရေးမှူးတွေနဲ့ ဝန်ထမ်း အားလုံး ကို ကျမတို့ ချပြတဲ့ ဟာမျိုးတွေရှိမယ်။ “ လို့ KyWO အထွေထွေအတွင်းရေးမှူး အလား ကပြောပါတယ်။

KyWOရဲ့ လေးကြိမ်မြောက် ညီလာခံကိုတော့ ၂၀၂၂ခုနှစ် ဧပြီလပိုင်းမှာ ပြုလုပ်ခဲ့ပြီး ၆လပတ်အစည်းအဝေးကို နိုဝင်ဘာလအတွင်းမှာ ပြုလုပ်ရမှာ ဖြစ်ပေမယ့် အခြေအနေကြောင့် ဒီဇင်ဘာလအတွင်းမှာ ပြန်လည် ကျင်းပရတာဖြစ်တယ်လို့ သိရပါတယ်။

အစည်းအဝေးမှာ စုစုပေါင်း လူဦးရေ ၆၀ ကျော် တက်ရောက်ခဲ့ကြပြီး ၆လတာလှုပ်ရှားမှု သုံးသပ်တာတွေ၊ အစီရင်ခံစာတင်သွင်း အတည်ပြုတာတွေ၊ KyWOရဲ့ နိုင်ငံရေး ရပ်တည်ချက်ချပြတာတွေ မဟာဗျူဟာရေးဆွဲတာတွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ