spot_img
21.3 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းမိုးဗြဲမှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် (၆၆)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံး

မိုးဗြဲမှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် (၆၆)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့(ဇန်နဝါရီလ ၈ရက်) ည ၉နာရီအချိန် မှာ စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တဲ့အတွက် မိုးဗြဲမြို့ ပွဲကုန်း(၁)ရပ်ကွက်မှာနေထိုင်တဲ့ အသက် (၆၆)နှစ်အရွယ် ဦးလျိုပန် သေဆုံးခဲ့တယ်လို့ မိုးဗြဲPDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးထံကနေ သိရပါတယ်။

“ လက်နက်ကြီးက သူ့ရဲ့ အိမ်ဘေးမှာ လာကျတာ။ ဝမ်းဗိုက် ထိသွားတာပေါ့နော။ သူကလည်း အသက်ကြီးပြီဆိုတော့ မခံနိုင်တာလည်းပါတယ်။ “ လို့ သူက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝါရီဆူးပလိုင်ကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကနေ ပစ်ခတ်လာတဲ့ လက်နက်ကြီး ဖြစ်တယ်လို့ ဆိုပါတယ်။ မိုးဗြဲမြို့ပြည်သူတွေ အနေနဲ့ လုံခြုံရေးကို မပေါ့လျော့ကြဖို့နဲ့သွားလာလှုပ်ရှားမှုကို ကရုစိုက်ကြဖို့လည်း သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့မှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ၁ဦးသေဆုံး၊ ၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို လွိုင်ကော်မြို့နယ် ဒေါမူကလား ကျေးရွာမှာလည်း ဒေသခံ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လွယ်ထွယ်ရွာက ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပါတယ်။

၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ကနေ ၈ရက်နေ့အထိ ကရင်နီပြည်မှာ လက်နက်ကြီးကြောင့် အရပ်သား ၃ဦးသေဆုံးပြီး ၃ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားထိခိုက်သေဆုံးသူ (၂၉၃) ဦးရှိပြီး လက်နက်ကြီးထိမှန်သေဆုံးသူနဲ့ အသတ်ခံရသူတွေ အများဆုံးဖြစ်တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) ဇန်နဝါရီလ ၁ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ