spot_img
16.1 C
Loikaw
Monday 8, December 2025
spot_img
Homeသတင်းစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို KSCC အဖွဲ့ဝင်အသီးသီးမှ အစွမ်းကုန် တိုက်ပွဲဝင်သွားမည်ဟုဆို

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို KSCC အဖွဲ့ဝင်အသီးသီးမှ အစွမ်းကုန် တိုက်ပွဲဝင်သွားမည်ဟုဆို

-

ကန္တာရဝတီတိုင်း(မ်)

နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးရာ တိုက်ပွဲတွေမှာ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ ပြန်လည်ဖွဲ့စည်းရေးမှာ ပါဝင်သွားမယ့် KSCC အဖွဲ့ဝင် အဖွဲ့အစည်းအားလုံးမှ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်အားလုံး ချုပ်ငြိမ်းတဲ့အထိ အစွမ်းကုန်တိုက်ပွဲဝင်သွားမယ်လို့ ဒီကနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကရင်နီအတိုင်ပင်ခံကောင်စီ (KSCC) မှ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

KSCC အဖွဲ့ဝင် အဖွဲ့အစည်းတွေရဲ့ ကတိကဝတ်ဆိုင်ရာ ထုတ်ပြန်ကြေညာချက်မှာ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီပြည်နယ်ကြားကာလဥပဒေပြုရေးအဖွဲ့၊ ကရင်နီပြည်အမျိုးသမီးများအင်အားစု၊ ကရင်နီပြည်လူမျိုးစုလူငယ်အင်အားစု၊ ကရင်နီပြည်နယ်အရပ်ဖက်အဖွဲ့အစည်း စတဲ့ အစုအဖွဲ့အသီးသီး ကိုယ်စားပြုသူတွေက လက်မှတ်ရေးထိုးထားပါတယ်။

KSCC အဖွဲ့ဝင် အဖွဲ့အစည်းအားလုံးက စစ်အာဏာရှင်မှန်သမျှ အမြစ်ပြတ်ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်နယ်ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပြည်နယ်အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်တို့ကို တော်လှန်ရေးကာလ ကြားကာလမှစ၍ အပြည့်အဝ အကောင်အထည်ဖော်ဆောင် ကျင့်သုံးသွားဖို့ လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် နိုင်ငံအတွင်းရှိ လူငယ်များ၊ အမျိုးသမီးများ၊ ပြည်သူများ၊ အရပ်ဖက်အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ၂၀၂၀ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ သပိတ်အဖွဲ့ဝင်များ၊ CDM များ၊ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးက အင်တိုက်အားတိုက် တိုက်ပွဲဝင်နေကြတာပဲဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ