spot_img
21.3 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖရူဆို ထီးသဲကူးကျေးရွာမှာ ရာသီတုပ်ကွေးအဖြစ်များနေ

ဖရူဆို ထီးသဲကူးကျေးရွာမှာ ရာသီတုပ်ကွေးအဖြစ်များနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ် အရှေ့တောင်ဘက် ထီးသဲကူးကျေးရွာမှာ ဇန်နဝါရီလအတွင်း ရာသီတုပ်ကွေးအဖြစ်များနေတယ်လို့ ကျန်းမာရေးကူညီပေးသူ ဆရာမတစ်ဦးထံကနေ သိရပါတယ်။

အဲ့ဒီကျေးရွာမှာ ဆေးအလှူရှင် မရသလို စစ်ရှောင်နဲ့ ဒေသခံတွေအတွက် အခြေခံဆေးဝါးလည်း လုံလောက်မှုမရှိတဲ့အတွက် ကျန်းမာရေးပိုင်းဆိုင်ရာ လိုအပ်ချက်ရှိတယ်လို့ ဆိုပါတယ်။ ယခုလအတွင်းမှာ ဆောင်းအအေးဒဏ်ကြောင့် ကလေးနဲ့ လူကြီးအများစုက ရာသီတုပ်ကွေးဖြစ်ပွားနေပါတယ်။

” ဆေးကတော့ မလောက်ဘူးပေါ့၊ အလှူရှင်ရှာချင်တာပေါ့ ကိုယ့်သူငယ်ချင်းဆီကနေပဲ ယူပြီးသုံးနေရတော့ ဆေးဝါးအခက်အခဲဖြစ်နေတယ်၊ ဒီရွာမှာ သွေးတိုးလည်း များတယ်၊ အခြေခံဆေးဝါးတောင်မှ မလောက်ဘူးဖြစ်နေတယ်။ အခုလောလောဆယ်က ရာသီတုပ်ကွေးတွေ ဖြစ်များတယ်၊ ကလေးရော၊ လူကြီးရောပေါ့၊ ကလေးဖြစ်တာ ကလေးဆေးမရှိတော့ ခက်ခဲတယ် ” လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ထီးသဲကူးကျေးရွာမှာ လူဦးရေ ၅၀၀ ကျော်ရှိပြီး ယခုလအတွင်း ရာသီတုပ်ကွေးဖြစ်ပွားမှုက တစ်ရက်လျှင် ၁၀ ဦး အထိ ရှိသလို အချို့မှာ မိသားစုလိုက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ