spot_img
13 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်းစစ်ကောင်စီကို ဖိအားပေးတိုက်စစ်ဆင်နိုင်တဲ့ မောင်းသူမဲ့ လေကြောင်းစစ်ဆင်ရေး KNDF အသုံးပြု

စစ်ကောင်စီကို ဖိအားပေးတိုက်စစ်ဆင်နိုင်တဲ့ မောင်းသူမဲ့ လေကြောင်းစစ်ဆင်ရေး KNDF အသုံးပြု

-

ဓာတ်ပုံ – KNDF ( ETD )

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်မှာ ရှိနေတဲ့ စစ်ကောင်စီတပ်တွေကို ဖိအားပေးတိုက်စစ်ဆင်နိုင်ပြီး တိုက်ပွဲအတွင်းမှာလည်း မြေပြင်တပ်ဖွဲ့တွေကို ကူညီနိုင်တဲ့ မောင်းသူမဲ့ လေကြောင်းစစ်ဆင်ရေးကို အသုံးပြုနေတယ်လို့ KNDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“မြေပြင်အဖွဲ့တွေ မသွားနိုင်တဲ့ နေရာတွေမှာ စစ်ကောင်စီအား ဖိအားပေးတိုက်စစ်ဆင်နိုင်ပြီး တိုက်ပွဲအတွင်း မြေပြင်တပ်ဖွဲ့ကိုလည်း အကူအညီပေးနိုင်ပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုအောင်မြင်လာတဲ့အခါ ရန်သူ‌တပ်စွဲထားတဲ့တည်နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်လာနိုင်တဲ့အထိ ထိရောက်လာနိုင်ပါတယ်။” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကတည်းက Unmanned Aerial Vehicle ( UAV ) မောင်းသူမဲ့လေကြောင်း ကို ဖွဲ့စည်းခဲ့ပြီး လက်ရှိမြေပြင်မှာ စစ်ဆင်ရေးတွေ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ မြေပြင် စစ်အင်အားတိုးချဲ့ပြီး နည်းပညာ အဆင့်မြှင့်တင်မှုတွေကိုလည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာ နည်းမျိုးစုံကို အသုံးပြုနေပြီး ဒီ UAV ကို ဖွဲ့စည်းပြီး တိုက်ခိုက်ခြင်းဟာလည်း အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခုဖြစ်တဲ့အတွက် ကူညီပံ့ပိုးမှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

မောင်းသူမဲ့ လေကြောင်းစစ်ဆင်ရေးဆိုတာ ဒရုန်းတွေနဲ့ စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေကို သွားရောက်တိုက်ခိုက်တာမျိုးလို့ သိရပါတယ်။

လွိုင်ကော် PDF ကလည်း Falcon Wings drone အဖွဲ့ နဲ့အတူ စစ်ကောင်စီရဲ့ တပ်စခန်းတွေ၊ တပ်စွဲထားတဲ့နေရာတွေ၊ ရုံးတွေကို ဒရုန်းတွေနဲ့ အသုံးပြုတိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

ဓာတ်ပုံ – KNDF ( ETD )

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ