spot_img
29.4 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်းတိုက်ပွဲမဖြစ်ပွားတဲ့နေရာ လက်နက်ကြီးကျရောက်ခဲ့ပြီး အရပ်သားတစ်ဦး ထိမှန်ဒဏ်ရာရ

တိုက်ပွဲမဖြစ်ပွားတဲ့နေရာ လက်နက်ကြီးကျရောက်ခဲ့ပြီး အရပ်သားတစ်ဦး ထိမှန်ဒဏ်ရာရ

-

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့နယ် ကျောက်ကြီးရွာတံတားအနီး မှာ ဒီကနေ့ (ဖေဖော်ဝါရီလ ၂၁ရက်) ညနေ ၃နာရီအချိန် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅၀ အရွယ် ဦးအောင်ဖေ ကို ထိမှန်ခဲ့တယ်လို့ ရွှေလွိုင်ကော်ပရဟိတအသင်းရဲ့ ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာကို လက်နက်ကြီး ကျရောက်ခဲ့တာဖြစ်ပါတယ်။ တောင်ယာကနေ ပြန်လာနေတဲ့ ဦးအောင်ဖေကို လက်နက်ကြီးစထိမှန်ခဲ့ပြီး ညာဖက် တင်ပါးမှာ ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာရရှိသူက နွားလဝိုးကျေးရွာအုပ်စု အောင်သပြေကုန်းရွာဒေသခံ ဖြစ်တယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရသူကို ရွှေလွိုင်ကော်ပရဟိတအသင်းက လွိုင်ကော်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ရက်နေ့မှာလည်း လွိုင်ကော်မြို့နယ်အတွင်းရှိ လွိုင်လင်လေးမြို့မှာ လက်နက်ကြီးကျရောက်ခဲ့ပြီး အသက် ၁၉နှစ်အရွယ် မဘီဗျားနာ ဘယ်ဘက်လက်သန်းပြတ်ထွက် ဒဏ်ရာ နဲ့ အသက် ၁၃ နှစ်အရွယ် မောင်လမင်းမောင်မောင် ညာဘက်နားရွက်နားမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

 

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ