Homeသတင်းစစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ (၃)ဦး ထိခိုက်ဒဏ်ရာရ

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ (၃)ဦး ထိခိုက်ဒဏ်ရာရ

-

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်ကြောင့် အရပ်သား ပြည်သူ (၃)ဦး ထိခိုက်ဒဏ်ရာရ

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ အကြမ်းဘက် စစ်ကောင်စီတပ် ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃)ဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

အရပ်သားပြည်သူတွေဖြစ်ကြတဲ့ အသက် ၈၀ ကျော် အမျိုးသား တစ်ဦး စိုးရိမ်ရတဲ့ ဒဏ်ရာ ရထားတယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“မိန်းကလေး တစ်ယောက်ပါတယ်။ ယောကျာ်းလေးက နှစ်ယောက်။ ယောကျာ်းလေးနှစ်ယောက်မှာ တစ်ယောက်ကတော့ အသက်အန္တာရာယ် စိုးရိမ်ရတယ်ပေါ့”လို့ KNDF သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတဲ့ကျေးရွာတွေထဲကို နေ့လည်ပိုင်းလောက်က လက်နက်ကြီး ၁၅ လုံးကျော် ကျရောက်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ ညနေပိုင်းမှာလည်း ဒီးမော့ဆို အရှေ့ဘက်ခြမ်းကို စစ်လေယာဥ်နဲ့ တောက်လျှောက်ကင်းထောက်မှုတွေ ပြုလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

လက်နက်ကြီးစထိမှန်မှုကြောင့် လူနေအိမ်တချို့လည်း ပျက်စီးမှု ရှိထားတယ်လို့ သိရပါတယ်။ အဆိုပါ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတွေ စစ်ရှောင်တွေ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ