spot_img
15.4 C
Loikaw
Wednesday 25, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်း၂၀၂၂ခုနှစ်အတွင်း စစ်ရာဇဝတ်မှုကြောင့် အသက် ၁၈နှစ်အောက် ကလေးငယ် ၁၉ ဦးအထိ သေဆုံးမှုရှိနေ

၂၀၂၂ခုနှစ်အတွင်း စစ်ရာဇဝတ်မှုကြောင့် အသက် ၁၈နှစ်အောက် ကလေးငယ် ၁၉ ဦးအထိ သေဆုံးမှုရှိနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ ၂၀၂၂ ခုနှစ် တစ်နှစ်အတွင်း စစ်ရာဇဝတ်မှုတွေဖြစ်တဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှု နဲ့ အကြောင်းမဲ့ ပစ်သတ်ခံရမှုကြောင့် ပြည်သူ (၁၀၅)ဦးသေဆုံးခဲ့ရပြီး အဲဒီထဲမှာ အသက် ၁၈ နှစ် အောက် ကလေး ၁၉ ဦး အထိ ပါဝင်နေတယ်လို့ ကရင်နီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) ရဲ့ အချက်အလက်တွေ အရ သိရပါတယ်။

သေဆုံးသူ (၁၀၅)ဦးထဲမှာ အသက်အရွယ် ခွဲခြားလိုမရတဲ့ ရုပ်အလောင်းတွေက (၃၇) ဦး ရှိပြီး အသက် (၁၈)နှစ်အောက်ကလေး သေဆုံးသူ ၁၉ ဦးထက်လည်း ပိုနိုင်တယ်လို့ လည်း KHAI လက်ထောက်အမှုဆောင်ဒါရိုက်တာ ခူးကြူးဖဲကေး ကပြောပါတယ်။

“ အဲ့အသက်(၁၈)နှစ်မပြည့်သေးတဲ့ ကလေးသူငယ်သေဆုံးမှုက (၁၉)ဦးရှိပြီး၊ ကျားက (၁၀) ယောက်နဲ့ မ က (၉)ယောက်နှုန်းဖြစ်ပါတယ်။ အပြစ်မဲ့ပြည်သူစုစုပေါင်းသေဆုံးမှုအထဲမှာ အသက်(၁၈) နှစ်အောက်ကလေးသူငယ်တွေသေဆုံးမှုက (၁၉)ယောက်ထိ ရှိခဲတာမို့ အကြမ်းဖက် စစ်တပ်ဟာ အင်မတန်မှဆိုးဝါးတဲ့ လူအခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတာလို့ ကျနော်တို့ သုံးနှုန်းချင်ပါတယ်။ ဒီလူအခွင့်အရေးချိုးဖောက်မှု နဲ့ စစ်ရာဇဝတ်ကျူးလွန်မှုများကို နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံတွေကနေ လက်ပိုက်ကြည့်မနေသင့်တော့ပါဘူး။ စစ်အုပ်စုရဲ့ ရက်စက်မှုတွေကို အရေးယူဖို့အထူးလိုအပ်နေပါပြီ။ “ လို့ သူကပြောပါတယ်။

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံ၊ မိုးဗြဲဒေသ အပါအဝင် သေဆုံးသူ အများဆုံးမှာ လွိုင်ကော်မြို့နယ်ထဲက ဖြစ်ပြီး ၄၂ ဦး ရှိတယ်လို့ ဆိုပါတယ်။ ဒုတိယအများဆုံးမှာ ဒီးမော့ဆိုမြို့နယ်ကဖြစ်ပြီး ကျား (၆၁)ဦး ၊ မ(၂၁)ဦး နဲ့ ရုပ်အလောင်းအတည်ပြုလို့မရတဲ့ အချက်အလက်အရ (၂၃) ဦးရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခံရပြီး ရုပ်အလောင်း မီးရှို့ဖျက်ဆီးခံရတာတွေကြောင့် ရုပ်အလောင်းအတည်ပြုလို့ မရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီး (၇၈၉) ရက် အတွင်း ကရင်နီပြည်မှာ စစ်ရှောင်အပါအဝင် အရပ်သားသေဆုံးသူ (၄၃၉) ဦးအထိ ရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPFရဲ့ မတ်လ ၁ ရက်နေ့က ဖော်ပြထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ