spot_img
27.6 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းစစ်ရှောင်စခန်းရှိ YAC ကျောင်းမှ “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” ကို ကြိုဆိုဂုဏ်ပြု

စစ်ရှောင်စခန်းရှိ YAC ကျောင်းမှ “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” ကို ကြိုဆိုဂုဏ်ပြု

-

ဓါတ်ပုံ – YAC

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်ရှိ စစ်ရှောင်စခန်းတစ်နေရာမှာ ဖွင့်လှစ်သင်ကြားနေတဲ့ လူငယ့်အကယ်ဒမီကောလိပ် (YAC) ကျောင်းမှ ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” ကို ကြိုဆိုဂုဏ်ပြုတဲ့အခမ်းအနားတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပါတယ်။

“အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့” ကိုရည်ရွယ်ပြီး အမျိုးသမီးအခွင့်အရေး၊ ကိုယ်ပိုင်စွမ်းရည်၊ အစွမ်းအစကို ထုတ်ဖော်ပြသတဲ့ အစီအစဉ်တွေကို ပြုလုပ်သွားခဲ့ကြပါတယ်။

YAC ကျောင်းမှ ကျောင်းအုပ်ခူးပရေးရယ်က “ကျနော်တို့အမျိုးသားတွေကလည်း ကမ္ဘာပေါ်မှာရှိတဲ့အမျိုးသမီးတွေ အားလုံးပေါ့လေ။ ဒီအမျိုးသမီးတွေရဲ့အခန်းကဏ္ဍတွေ ပိုပြီးပါဝင်လာဖို့အတွက် ပိုတွင်ကျယ်လာဖို့အတွက် အမျိုးသမီးအခွင့်အရေးတွေ ပိုရရှိလာဖို့အတွက် အရင့်အရင်ခေတ်က ရှေးအယူဝါဒတွေကို ကျနော်တို့ လျှော့ချပြီးတော့ ကျနော်တို့အားလုံးပူးပေါင်းပါဝင်သင့်တယ်ဆိုတာ ပြောချင်ပါတယ်။” လို့ဆိုပါတယ်။

ဓါတ်ပုံ – YAC

အခန်းကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုက အရေးကြီးပြီး ပိုမိုအခွင့်အရေးပေးသင့်တယ်လို့ သူက ဆက်ပြောပါတယ်။ အထိမ်းအမှတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ Fashion Show ၊ လှယှဉ်ကျေးမယ်၊ ထုပ်စည်းထိုး၊ ချောတိုင်တက်၊ ဘော်လီဘော အစရှိတဲ့ ပြိုင်ပွဲတွေ ပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ တော်လှန်ရေးကာလမှာ လူငယ်တွေ ပညာသင်ကြားခွင့် မဆုံးရှုံးဖို့ လူငယ့်အကယ်ဒမီကောလိပ် (YAC)ကျောင်းကို ၂၀၂၃ခုနှစ် ဇန်နဝါရီလအတွင်းမှာ ဖွင့်လှစ်သင်ကြားခဲ့တာဖြစ်ပါတယ်။

ဓါတ်ပုံ – YAC

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ