spot_img
29 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းဖရူဆိုမှာ နှစ်ရက်ဆက်တိုက် လက်နက်ကြီးပစ်ခတ်နေပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ

ဖရူဆိုမှာ နှစ်ရက်ဆက်တိုက် လက်နက်ကြီးပစ်ခတ်နေပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ

-

CJ (ကန္တာရဝတီတိုင်း(မ်)

မတ်လ ၁၁ ရက်နေ့နဲ့ မတ်လ ၁၂ ရက်နေ့မှာ ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် အသက် ၃၀ ဝန်းကျင် ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

“နှစ်အိမ် သုံးအိမ်ထိတယ် ရေကန်၊ ကျောင်းရော၊ ခုနလည်း ကျသေးတယ်၊ အမျိုးသမီးတစ်ယောက်ရဲ ခြေထောက်ပါထိတယ်၊ ဒဏ်ရာနည်းပေမယ့် မူးလဲသွားတယ်လို့ပြောတယ်” ဒေသခံတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ် အရှေ့ဘက်ကျေးရွာအတွင်း နှစ်ရက်ဆက်တိုက် လက်နက်ကြီးတွေ ၁၀ လုံးထက်မနည်း ကျရောက်ခဲ့လို့ လူနေအိမ်ပျက်စီးတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ယခုလို ပစ်ခတ်နေတာကြောင့် စိုးရိမ်ထိတ်လန့်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ