spot_img
16.4 C
Loikaw
Tuesday 20, January 2026
spot_img
Homeမာလ်တီမီဒီယာဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို လေကြောင်းတိုက်ခိုက်ပြီး နေအိမ် ( ၁၀၀ ) ဝန်းကျင် မီးလောင်ပျက်စီး

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို လေကြောင်းတိုက်ခိုက်ပြီး နေအိမ် ( ၁၀၀ ) ဝန်းကျင် မီးလောင်ပျက်စီး

-

ကန္တာရဝတီ တိုင်း(မ်)

ဒီကနေ့ မတ်လ ၂၄ ရက်နေ့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တစ်နေရာကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ကန္တာရဝတီတိုင်း(မ်)ရဲ့ မြေပြင်သတင်းထောက်မှ သတင်းပေးပို့ချက်အရ သိရပါတယ်။

ကျေးရွာတစ်ရွာထဲကို ယနေ့ နေ့လည် ၁၂ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ တိုက်လေယာဥ် တစ်စီး ၊ ၁ နာရီ ၁၅ မိနစ်မှာ ရဟတ်ယာဥ် (၂) စီးဖြင့် လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အကြိမ်ရေ (၅) ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီးနောက် ကျေးရွာထဲက နေအိမ် (၁၀၀) ဝန်းကျင် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ညနေ ၅ နာရီ ဝန်းကျင်မှာလည်း စစ်ကောင်စီမှ ကင်းထောက်လေယာဥ် တစ်စီး ပျံသန်းပြီး ကင်းထောက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ