spot_img
21.7 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

-

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၁၀ ရက်နေ့ ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းက ဆွေမျိုးတွေဆီကို ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေအထဲက ကလေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အကြောင်းရင်းက ဘာလဲ မသိဘူး၊ ရေရှားတဲ့ နေရာလဲ မဟုတ်ဘူး၊ အခု ပြောင်းလာတာ ယာယီ အနေနဲ့ ပြောင်းလာတာ နေရာ အတိအကျလည်း မရှိသေးဘူး၊ အိမ်တစ်လုံးထဲမှာ လူအရမ်းများတော့ နေစရာမရှိဘူးလေး၊ အစ်မရဲ့ သမီးလေးက ဝမ်းပျက်ဝမ်းလျော ဖြစ်နေတယ်၊ အန်လည်းအန်တယ်၊ ဒီမနက် ၁၀ ကြိမ်အထိလောက် အန်နေတာ၊ ဆေးရုံသွားမှ ရမယ်ထင်တယ်၊ ဟိုဘက်အိမ်က ကလေးလည်း ဖြစ်နေတယ်”ဟု စစ်ရှောင် အမျိုးသမီး တစ်ဦးက ဆိုပါတယ်။

ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်အချို့မှာ လမ်းခရီးဝေးတာကြောင့် သွားလာမှု အဆင်မပြေသလို စားဝတ်နေရေးအတွက် ရုန်းကန်နေရသဖြင့် အခက်အခဲတွေ ရှိတယ်လို့ ဆိုပါတယ်။

ဆွေမျိုးများထံ ယာယီနေထိုင်တဲ့ စစ်ရှောင်တွေဟာ လူနေအိမ်တစ်လုံးကို မိသားစု (၅) စုအထိ မျှပြီး နေထိုင်ကြရပါတယ်။

အဆိုပါ ဝမ်းပျက်ဝမ်းလျောဖြစ်နေတဲ့ စစ်ရှောင်ကလေးငယ်တွေဟာ ဒေါဆိုခူကျေးရွာက ပြောင်းရွေ့လာတဲ့ စစ်ရှောင်ဖြစ်ပြီး အိမ်ခြေ ၂၀ နဲ့၊ လူဦးရေ ၉၅ ယောက် ရှိနေတယ်လို့သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ