Homeသတင်းဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်စခန်းတစ်ခုမှာ (၂၃)ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အကျဉ်းချုပ်ပြုလုပ်

ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်စခန်းတစ်ခုမှာ (၂၃)ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အကျဉ်းချုပ်ပြုလုပ်

-

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ဧပြီလ (၁၀) ရက်နေ့မှာ ကျရောက်တဲ့ (၂၃)ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကို ဒီးမော့ဆိုမြို့နယ် အ‌နောက်ခြမ်း စစ်ရှောင်စခန်းတစ်ခုမှာ အကျဉ်းချုပ် ကျင်းပခဲ့ပါတယ်။

(၂၃)ကြိမ်မြောက် ကယန်းအမျိုးသားနေ့အခမ်းအနား ကျင်းပရခြင်းနဲ့ပတ်သက်ပြီး ပွဲစီစဉ်သူတစ်ဦးက အခုလို ပြောပါတယ်။

“ရည်ရွယ်ချက်က နှစ်ချက်ပဲရှိပါတယ်။ နံပါတ် (၁)က ဘာလဲဆိုရင် (၂၃)ကြိမ် ကယန်းအမျိုးသားနေ့ အထိမ်းအမှတ်ကို တန်ဖိုးထားပြီး‌တော့မှ ကျွန်တော်တို့ လုပ်ရခြင်းဖြစ်ပါတယ်။ဒုတိယ တစ်ချက်ကကဘာလဲဆိုရင် ခုလက်ရှိကာလမှာ ပြည်သူအားလုံးက pressure ခံစားနေရတဲ့အချိန်ဖြစ်တယ်။ အားလုံးက စိတ်ဖိစီးမှုလေးတွေ စိတ်ဒဏ်ရာရတာလေးတွေ အများကြီး ကြုံလာနေတဲ့အခါမှာ ဒီအရာလေးတွေ လျော့ချဖို့ဆို ပြီးတော့မှ ကျွန်တော်တို့ဒီလိုပွဲ အစီစဥ်လေးတွေကျင်ပခြင်းဖြစ်ပါတယ်” လို့ ပွဲစီစဉ်သူတစ်ဦးက အခုလို ပြောပါတယ်။

ကယန်းလူထု တစ်မျိုးသားလုံးရဲ့ အလေးထား တန်ဖိုးထားတဲ့နေ့ဖြစ်တာကြောင့် ပြည်နယ်တွင်း တိုက်ပွဲဖြစ်ပွားနေပေမယ့်လည်း ရောက်ရာစစ်ရှောင်စခန်းကနေ ကျင်းပပြုလုပ်သွားတာဖြစ်ပါတယ်။

ဒီနေ့ပြုလုပ်သွားတဲ့ အခမ်းအနားမှာတော့ ကယန်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ပြောကြားခြင်း၊ ကယန်းဘုံအက ကခြင်း၊ ဘောလီဘော်ပြိုင်ပွဲကျင်းပခြင်း စတာတွေ ပြုလုပ်သွားခဲ့ပြီး လူဦးရေ (၂၀၀)ဝန်းကျင် တက်ရောက်ခဲ့ပါတယ်။

ဒီကနေ့မှာ ကျရောက်တဲ့ ကယန်းအမျိုးသားနေ့ကို ကယန်းလူမျိုးများရှိရာ နေရာအနှံ့အပြားကနေ ကျင်းပပြုလုပ်လျက်ရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ