spot_img
18 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်းဒီးမော့ဆိုအနောက်ခြမ်း ကျေးရွာတစ်ရွာမှာ ၁နှစ်ခွဲအရွယ်ကလေးတစ်ဦး ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားပြီးနောက် သေဆုံး

ဒီးမော့ဆိုအနောက်ခြမ်း ကျေးရွာတစ်ရွာမှာ ၁နှစ်ခွဲအရွယ်ကလေးတစ်ဦး ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားပြီးနောက် သေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ဧပြီလ ၁၃ရက်နေ့က ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာတစ်ရွာမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားပြီးနောက် ၁နှစ်ခွဲအရွယ်ကလေးတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ဝမ်းပျက်ဝမ်းလျှောနဲ့ဆုံးတာပေါ့။ ၂ရက်၃ ရက်ဘဲဖျားသေးတယ် အခြားဖျားတဲ့ကလေးတွေလဲရှိသေးတယ်။ ကာလဝမ်းရောဂါလို့ပြောလို့လဲရတယ်ပေါ့။” လို့ ကျေးရွာခံတစ်ဦးက ပြောပါတယ်။

ဧပြီလ ၁၃ရက်နေ့မှာသေဆုံးပြီး ဒီကနေ့ ဧပြီလ၁၄ရက်နေ့မှာ သဂြိုလ်ပြီးစီးခဲ့ပါတယ်။

အဆိုပါ ကျေးရွာက ကလေးအချို့မှာလည်း ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေတယ်လို့ ကျေးရွာခံတွေက ပြောပါတယ်။

နွေရာသီအကူးအပြောင်းကာလမှာ ဒေသခံကလေးငယ်တွေနဲ့ စစ်ရှောင် ကလေးငယ်တွေဟာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားလျက်ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ