spot_img
29.4 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်းဖရူဆိုမှာ တိုက်ပွဲမရှိပဲ လက်နက်ကြီး ပစ်ခတ်၊ ဒေသခံတစ်ဦး ဒဏ်ရာရ

ဖရူဆိုမှာ တိုက်ပွဲမရှိပဲ လက်နက်ကြီး ပစ်ခတ်၊ ဒေသခံတစ်ဦး ဒဏ်ရာရ

-

CJ(ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဖရူဆိုမြို့နယ် ဒေါဗျာကူးကျေးရွာမှာ စစ်ကောင်စီတပ်တွေက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၃ လုံး ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ယမန်နေ့ (ဧပြီလ ၁၇ ရက်) မနက်ပိုင်း ၉ နာရီခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကြီးစ ထိမှန်မှုကြောင့် ဒေသခံတွေရဲ့ အိမ်မွေး တိရိစ္ဆာန်အချို့ လည်း သေဆုံးသွားတယ်လို့ သိရပါတယ်။

“အိမ်ထိတယ်၊ နွားထိတယ်၊ ဒေသခံ အမျိုးသားတစ်ယောက်ထိတယ်၊ ဝက်လည်း ထိသွားတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးကြောင့် ထိခိုက်သွားသူကတော့ လက်ရှိမှာ ဆေးကုသမှုခံယူနေရပါတယ်။
ဖရူဆိုမြို့နယ် ဒေါဗျာကူး ကျေးရွာအတွင်းမှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိပဲ စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၄ တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်းမှ လက်နက်ကြီး ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်အရ စစ်ကောင်စီတပ်တွေဟာ ဖရူဆိုမြို့နယ်အတွင်းမှာ နေ့ရော ညပါ လက်နက်ကြီးပစ်ခတ်မှု ရှိနေပြီး အဆိုပါပစ်ခတ်မှုတွေကြောင့် ကျေးရွာအချို့နဲ့ ဒေသခံ၊ စစ်ရှောင်များ ပြောင်းရွေ့နေရတာရှိတယ်လို့ ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ