spot_img
16.5 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း တိုက်ပွဲအတွင်း KNDF ရဲဘော်လေးဦးကျဆုံး

ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း တိုက်ပွဲအတွင်း KNDF ရဲဘော်လေးဦးကျဆုံး

-

ကန္တာရဝတီတိုင်း(မ်)

လေကြောင်းသုံး တိုက်ခိုက်မှုလုပ်ဆောင်နေတဲ့ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း တိုက်ပွဲမှာ မေလ (၁၄)ရက်နေ့ကစပြီး ဒီကနေ့အချိန်ထိ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဘက် မှ ရဲဘော် လေးဦးကျဆုံးခဲ့ရတယ်လို့ တပ်ရင်းအသီးသီးက ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးလည်းရှိနေပေမဲ့လည်း စစ်ကောင်စီတပ်ရဲ့ ကျဆုံးမှုကိုတော့ အတည်မပြုနိုင်သေးပါဘူး။

မေလ (၁၉)ရက်နေ့ တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း (၁) မှ ရဲဘော်နေဝင်းနဲ့ တပ်ရင်း (၇)မှ ရဲဘော် ရဲဘော်ဘဲနဒစ်(အောင်အောင်) တို့နှစ်ဦး ကျဆုံးခဲ့ရပါတယ်။

“ ရဲဘော်ဘဲနဒစ်(အောင်အောင်)သည် အာဏာရှင်စနစ်အမြစ်ပြတ်ကျဆုံးရေး၊ တန်းတူအခွင့်အရေးရရှိရေး နှင့် ဖယ်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အစွမ်းကုန်ကြိုးစားရင်း မြင့်မြတ်စွာအသက်ပေးခဲ့သည့်အတွက် ကျွန်ုပ်တို့ KNDFတပ်ရင်းအမှတ်(၇)မှ အာဇာနည်သူရဲကောင်းအဖြစ် အစဥ်အမြဲ မှတ်တမ်းတင်သွားမည်ဖြစ်ပြီး ကျန်ရစ်သူမိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။” လို့ တပ်ရင်း(၇)က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

အလားတူ မေလ (၁၅)ရက်နေ့ တိုက်ပွဲမှာတော့ KNDF တပ်ရင်း(၁၀) ရဲဘော် ခူးစိုးရယ် ကျဆုံးခဲ့ပြီး မေလ (၁၈)ရက်နေ့ တိုက်ပွဲမှာတော့ (KNDF)တပ်ရင်း (၉) ဒု-တပ်စုမှူး မောင်ဖရန်စစ္စကို(ဂျားဂျာ) ကျဆုံးခဲ့ရပါတယ်။

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်တို့
တိုက်ပွဲပြင်းထန်နေတာ ၂လကျော်ရှိနေပြီး စစ်ကောင်စီကနေ လေကြောင်းသုံး တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေသလို ထိတွေ့တိုက်ပွဲတွေမှာနှစ်ဖက် ကျဆုံးမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။

မေလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အနေနဲ့ အသေးစိတ်ထုတ်ပြန်ထားတာမရှိသေးပါဘူး။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ