spot_img
16.5 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလွိုင်လင်လေးမြို့ ကုန်းမှီကိုရွာမှာ လက်နက်ကြီးကျရောက်မှုကြောင့် ကလေးငယ် ၂ဦး ထိခိုက်ဒဏ်ရာရ

လွိုင်လင်လေးမြို့ ကုန်းမှီကိုရွာမှာ လက်နက်ကြီးကျရောက်မှုကြောင့် ကလေးငယ် ၂ဦး ထိခိုက်ဒဏ်ရာရ

-

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့(မေလ ၂၈ရက်) ည(၈)နာရီအချိန် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ ကုန်းမှီကိုရွာမှာ နေအိမ်ခြံဝင်းတစ်ခုအတွင်း လက်နက်ကြီး ကျရောက်မှုကြောင့် မိသားစု ၄ဦးအနက် ကလေးငယ် ၂ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လွိုင်ကော်ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တဲ့ ရွှေလွိုင်ကော်ပရဟိတအသင်းထံကနေ သိရပါတယ်။

လက်နက်ကြီးထိမှန်ခဲ့တဲ့ ကလေးငယ်နှစ်ဦးကတော့ အသက်(၇)နှစ် မောင်ဟန်ထွန်း နဲ့ (၉)နှစ်အရွယ် မောင်ထွန်းလင်း တို့ဖြစ်တယ်လို့ သိရပါတယ်။ ညာလက်ကောက်ဝတ် ယမ်းစထိမှန် ထိမှန်ဒဏ်ရာ အသက်(၇)နှစ် တစ်ယောက်နဲ့ ဦးခေါင်းထိမှန်ဒဏ်ရာ အသက် (၉)နှစ် တစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။

ယမန်နေ့ ည ၈နာရီဝန်းကျင်အချိန် မှာလည်း စစ်ကောင်စီရဲ့ ခမရ ၅၃၀ တပ်နဲ့ ကာကွယ်ရေးတပ်တို့ ထိတွေ့မှု အနည်းငယ်ရှိခဲ့ပြီး စစ်ကောင်စီကနေ လက်နက်ကြီး ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ကရင်နီတပ်မတော် (KA)စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

“ (၅၃၀) က ထီးစဲခါး ၊ လွိုင်လင်လေးမှာ တပ်ရင်းရှိတယ်လေနော။ ပစ်ခတ်မှု နည်းနည်းပါးပါးရှိတော့ လက်နက်ကြီး ပစ်တော့ ကလေးသွားထိတယ်ပေါ့။ လွိုင်လင် အရှေ့ဖက်၊ လွိုင်ကော်အရှေ့မြောက်ဖက်ပေါ့။ “ လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

မေလ (၂၇)ရက် မှာလည်း ညနေ (၅)နာရီအချိန် စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုးဗြဲမြို့ ၊ စည်ကား(၃)ရပ်ကွက်မှာ အသက် ၃နှစ် ၅လအရွယ် သမီးငယ် တစ်ဦးဟာ ဘယ်ဖက်ရင်ဘတ်ပွင့် ဒဏ်ရာကြောင့် သေဆုံးခဲ့ရပြီး ပြည်သူ ၄ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Mobye Rescue Teamနဲ့ မိုးဗြဲPDF တို့က ထုတ်ပြန်ထားတာရှိပါတယ်။

ဓါတ်ပုံ – ရွှေလွိုင်ကော်ပရဟိတအသင်း။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ