spot_img
24 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းမိုးဗြဲမြို့မှာ လက်နက်ကြီးကျပြီး အမျိုးသမီးငယ်တစ်ဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရ

မိုးဗြဲမြို့မှာ လက်နက်ကြီးကျပြီး အမျိုးသမီးငယ်တစ်ဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရ

-

ကန္တာရဝတီတိုင်း( မ် )

မိုးဗြဲမြို့ စည်ကား ( ၁ ) ရပ်ကွက်အတွင်းမှာ ယမန်နေ့ (မေလ ၂၉ ရက်) ညအချိန် လက်နက်ကြီးကျရောက်ခဲ့ပြီး အမျိုးသမီးငယ်တစ်ဦးသေဆုံးခဲ့သလို ကျန်တဲ့မိသားစုဝင် ၃ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲ PDF တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“ မနေ့က ညနေပိုင်းကတော့ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ၄၂၂ တပ်ကနေပြီးတော့ ၉ နာရီဝန်းကျင်လောက်မှာ ထုလာတယ်ပေါ့နော။ စည်ကားရပ်ကွက်က နေအိမ်ပေါ်ကျရောက်ပြီးတော့ သမီးတစ်ယောက်က သေဆုံးသွားတယ်ပေါ့နော။ ကျန်တဲ့ မိသားစုဝင် သုံးဦးကတော့ ဒဏ်ရာပြင်းထန် ပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားတယ်ပေါ့နော။ အဲဒီလို ရှိတဲ့ အနေအထားမှာ ရှိတယ်ပေါ့နော။ ” လို့ မိုးဗြဲ PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မိုးဗြဲမြို့ပေါ်က စည်ကားရပ်ကွက်နဲ့ ပွဲကုန်း ရပ်ကွက်အတွင်း လက်နက်ကြီးပစ်ခတ်မှု အချက် ၂၀ ဝန်းကျင် လုပ်ဆောင်ခဲ့တာကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးသွားတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ မိုးဗြဲမြို့ပေါ်မှာ လက်ရှိအချိန်အထိ အရပ်သားတချို့နေထိုင်ကြပြီး တချို့ကတော့ လက်နက်ကြီးတွေ မကြာခဏ ကျရောက်တဲ့အတွက် တိမ်းရှောင်တာတွေလည်း ရှိနေပါတယ်။

အဲဒီလို ထိခိုက်ဒဏ်ရာရမှုတွေ ဆက်တိုက်ရှိလာနေတဲ့အတွက် လူထုတွေအနေနဲ့ ဘေးလွှတ်ရာကို တိမ်းရှောင်ထားကြဖို့ မိုးဗြဲ PDF က တိုက်တွန်းထားပါတယ်။

မိုးဗြဲမြို့မှာ စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ လက်နက်ကြီး၊ လေယာဉ်နဲ့ ဗုံးကျဲမှုတွေ နေ့စဉ် ပြုလုပ်နေပါတယ်။ အဲဒီလို ပစ်ခတ်မှုတွေကြောင့်လည်း ကလေးငယ်အပါအဝင် အရပ်သား ၅ ဦး သေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဓါတ်ပုံ – မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ