Homeသတင်းစစ်ရှောင်နဲ့ ဒေသခံ ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ မှာ သစ်ပင်စိုက်ပျိုးခဲ့

စစ်ရှောင်နဲ့ ဒေသခံ ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ မှာ သစ်ပင်စိုက်ပျိုးခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းတစ်နေရာမှာ စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေ ပူးပေါင်းပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အနေနဲ့ သစ်ပင်စိုက်ပျိုးခြင်း အစီအစဥ်ကို ဒီကနေ့ ဇွန်လ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

“သစ်ပင်စိုက်တဲ့ ရည်ရွယ်ချက်ကတော့ ရာသီဥတု ဖောက်ပြန်မှုကို ကုစားနိုင်ဖို့ အပြင် အခုကာလမှာ လိုအပ်ချက်အရ စစ်ဘေးရှောင်တွေ ခုတ်လိုက်တဲ့ အပင်တွေကို အစားထိုးဖို့ အတွက်ဖြစ်တယ်။” လို့ ကျေးရွာရပ်မိရပ်ဖ ဦးအေးရွှေက ပြောပါတယ်။

အဆိုပါ သစ်ပင်စိုက်ပျိုးခြင်းအစီအစဥ်ကို အရပ်ဖက်အဖွဲ့အစည်းတစ်ဖွဲ့မှ ဦးဆောင်ပြီး ပျိုးပင်တွေကို ပေးအပ်ကာ စစ်ဘေးရှောင် နဲ့ ဒေသခံရွာသူရွာသားတွေက ပူးပေါင်းစိုက်ပျိုးခဲ့တာဖြစ်ပါတယ်။

စိုက်ပျိုးခဲ့တဲ့ အပင်တွေကတော့ ခါတော်မီ၊ကျွန်း၊ထင်းရူး၊ရေဆေးပင် တွေဖြစ်ပြီး အပင်ပေါင်း ၁၅၀၀ ခန့်ကို စိုက်ပျိုးခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ မှာ သစ်ပင်စိုက်ပျိုးခြင်းအစီအစဥ်ကို စစ်ဘေးရှောင်နဲ့ ဒေသခံ ၁၀၀ ဝန်းကျင်က ပူးပေါင်းပါဝင်ခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ