spot_img
18.3 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတခုမှာ သောက်သုံးရေ အခက်ခဲဖြစ်နေ

ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတခုမှာ သောက်သုံးရေ အခက်ခဲဖြစ်နေ

-

CJ(ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဒီးမော့ဆို အနောက်ဘက်ခြမ်းက သာယာကုန်း စစ်ဘေးရှောင်စခန်းမှာ သောက်သုံးရေအတွက် အခက်အခဲရှိနေပြီး အလှူရှင်တွေကနေ လာရောက်လှူဒါန်းပေးနေရတယ်လို့ သိရပါတယ်။

“ရေက မိုးရေပဲ သုံးတာလေး၊ မိုးရွာရင် ရှိတာပေါ့၊ မိုးမရွာရင်တော့ မရှိဘူးပေါ့၊ ရေ (၁၀၀၀) ဂါလံ ကားတစ်စီးက သုံးသောင်းကျပ်အထိ ပေးဝယ်ရတော့ အခက်အခဲဖြစ်တယ်။” လို့ ကူညီပေးသူ တစ်ဦးက ပြောပါတယ်။

ဒေသခံတွေနဲ့ စစ်ရှောင်တွေဟာ ရေတွင်း၊ရေကန်တွေနဲ့ မနီးတာကြောင့် မိုးရေလှောင်ကန်တွေပြုလုပ်ပြီး မိုးရေတွေကို သိုလှောင်သုံးစွဲကြတာပါ။

လက်ရှိမှာတော့ စစ်ရှောင်တွေ စုပေါင်းအသုံးပြုနိုင်ရေးအတွက် မိုးကာနဲ့ ရေသိုလှောင်နိုင်ဖို့ မိုးကာတွေကို ဒေသဖွံ့ဖြိုးရေးအသင်းတစ်ခုက လှူဒါန်းပေးထားတယ်လို့သိရပါတယ်။

အဆိုပါစစ်ဘေးရှောင်စခန်းမှာ လူဦးရေ (၁၀၀ )ကျော် ရှိကာ ပြီးခဲ့တဲ့ မတ်လအတွင်းမှာတော့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တိုက်ပွဲတွေကြောင့် ထပ်မံပြောင်းရွေ့လာတဲ့ စစ်ဘေးရှောင်ဦးရေ ၅၀ ကျော်အထိ တိုးလာတယ်လို့ ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ