spot_img
31.6 C
Loikaw
Sunday 15, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းစစ်ကောင်စီနဲ့ ဆက်နွယ်တဲ့ သတ္တုတွင်းလုပ်ငန်း တစ်ခု နဲ့ လူ(၆)ဦးကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူမှုမှာ ဦးပိုးရယ်အောင်သိန်းလည်း ပါဝင်

စစ်ကောင်စီနဲ့ ဆက်နွယ်တဲ့ သတ္တုတွင်းလုပ်ငန်း တစ်ခု နဲ့ လူ(၆)ဦးကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူမှုမှာ ဦးပိုးရယ်အောင်သိန်းလည်း ပါဝင်

-

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့(ဇူလိုင်၂၀ရက်)မှာ ဥရောပသမဂ္ဂ (EU )ကနေပြီး စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တဲ့ သတ္တုတွင်းလုပ်ငန်း တစ်ခု နဲ့ လူ(၆)ဦးကို ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ပါတယ်။ ပိတ်ဆို့အရေးယူခံရသူတွေဟာ စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်ပြီး (၆)ဦးထဲမှာ ကရင်နီ(ကယား)ပြည်နယ်က ကြံ့ခိုင်ရေးအမတ်ဟောင်း ဦးပိုးရယ်အောင်သိန်း လည်း ပါဝင်ပါတယ်။

ကျန်ငါးဦးကတော့ စစ်ကောင်စီရဲ့ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း နဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအောင်ကျော်မင်းတို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂ (EU )က အရေးယူပိတ်ဆို့တာ ယခုအခါ (၇)ကြိမ်မြောက်ရှိပြီဖြစ်ပြီး အရေးယူခံရသူပေါင်း (၉၉) ဦးနဲ့ အဖွဲ့အစည်း (၁၉)ခု အထိရှိသွားပြီဖြစ်ပါတယ်။

လူထုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ ဖိနှိပ်တာတွေမှာ စစ်ကောင်စီအဖွဲ့ဝင်တွေက တာဝန်ရှိတဲ့အတွက် အရေးယူပိတ်ဆို့ခံရတာဖြစ်ပြီး အရေးယူခံရသူတွေဟာ ဥရောပသမဂ္ဂ နယ်မြေအတွင်း ဝင်ရောက်တာ ဖြတ်သန်းတာတွေကို တားမြစ်ထားသလို ပိုင်ဆိုင်မှုလည်း ထိန်းချုပ်ခံရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ