spot_img
16.4 C
Loikaw
Wednesday 28, January 2026
spot_img
Homeသတင်းလွိုင်ကော်မြို့ ဘီလူးချောင်းရေဟာ ကျောက်ဆောင်ပေါ်တဲ့အထိ ကျဆင်းနေ

လွိုင်ကော်မြို့ ဘီလူးချောင်းရေဟာ ကျောက်ဆောင်ပေါ်တဲ့အထိ ကျဆင်းနေ

-

ကန္တာရဝတီတိုင်း( မ် )

လွိုင်ကော်မြို့မှာရှိတဲ့ ဘီလူးချောင်းထဲကရေတွေဟာ ဒီကနေ့ သြဂုတ်လ ၁ရက်နေ့မှာ ပုံမှန်ထက် ပိုကျဆင်းပြီး အောက်ခြေမျက်နှာပြင်က ကျောက်ဆောင်ပေါ်တဲ့အထိ ဖြစ်နေပါတယ်။

ယမန်နေ့က ရေအနည်းငယ်ကျဆင်းခဲ့တာဖြစ်ပြီး ယနေ့မနက်ပိုင်းမှာ အခုလို ပုံမှန်မဟုတ်တော့တဲ့ အခြေအနေအထိ ရေကျဆင်းတာကို တွေ့ရှိခဲ့ကြတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

“ဘီလူးချောင်းမှာ မနေ့က ရေကျနေတာကို သတိထားမိတယ်။ ဒီနေ့မနက်ထကြည့်တဲ့အချိန် ရေအောက်မျက်နှာပြင်က ကျောက်တွေတောင်မြင်နေရတယ်။ တချို့ပြောကြတာကတော့ ဒါက ဒေါတခြားတံတားမှာ အမှိုက်တွေညှပ်နေလို့ ပြောတယ်။” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ သွားရောက်ပြုပြင်နေကြပြီလို့ သိရပါတယ်။ ဒီလို ပုံမှန်ထက်ပိုပြီး ရေကျဆင်းနေတဲ့အတွက် ဒေသခံတွေ အံ့သြနေကြသလို ဒီလိုဖြစ်စဉ်ကြောင့်လည်း လျှပ်စစ်မီးရရှိမှုအပေါ် အကျိုးသက်ရောက်မှာကိုလည်း စိုးရိမ်နေကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ