spot_img
21.9 C
Loikaw
Sunday 15, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းမော်ချီးမှာ ကြက်ဥ တစ်လုံး တစ်ထောင်ပေး၀ယ်နေရ

မော်ချီးမှာ ကြက်ဥ တစ်လုံး တစ်ထောင်ပေး၀ယ်နေရ

-

ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာပြီး ကြက်ဥ တစ်လုံးကို တစ်ထောင် ပေး၀ယ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ကြက်ဥက တစ်လုံး တစ်ထောင် ၊ နှစ်လုံး တစ်ထောင့် ငါးရာ အဲ့မျိုး၀ယ်ရတယ်။ တခြားကုန်စျေးနှုန်းတွေလည်း အကုန်တက်တယ်။” လို့ မော်ချီးဒေသခံ တစ်ဦးက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် လမ်းကြောင်းတွေပိတ်နေသလို၊ တခြားရှိနေတဲ့ လမ်းကြောင်းတွေကလည်း မိုးတွင်းဖြစ်လို့ ကုန်ကား မ၀င်နိုင်တော့တာကြောင့် ယခု သြဂုတ်လကစပြီး စျေးထိုးတက်သွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“မော်ချီးစျေးက ဒီလ အတွင်းမိုးတွေရွာတော့ ကားတွေမတက်နိုင်ဘူးလေး။ ကားတွေမတက်နိုင်တော့ ကုန်စျေးနှုန်းက ၂ဆကနေ ၃ဆ အအဲ့လို့တက်သွားတယ်။” လို့ မော်ချီးဒေသခံတစ်ဦးက ပြောပါတယ်။

မော်ချီးဒေသမှာ ၇၀ ရာခိုင်နှုန်းသောလူတွေက တနေ့လုပ်တနေ့စား သမားတွေဖြစ်တာကြောင့် ကုန်စျေးနှုန်း ထိုးတက်သွားတဲ့အတွက် အခက်ကြုံစေတယ်လို့ဆိုပါတယ်။

ကုန်မ၀င်နိုင်တော့တာကြောင့် ကုန်ပစ္စည်းတွေကိုလည်း လိုသလောက် ၀ယ်လို့မရတော့ဘူးလို့ဆိုပါတယ်။

“ကုန်တွေမရှိတော့ အဲ့တာကြောင့်မို့လို့ ၀ယ်ချင်သလောက်လည်း ၀ယ်လို့လည်းမရဘူး။ အကုန်လုံး၀ယ်လိုက်မယ်ဆို နောက်လူတွေ ၀ယ်စားစရာဘာမှ ရှိတော့မှာမဟုတ်ဘူး။” လို့ မော်ချီးဒေသခံတစ်ဦးက ပြောပါတယ်။

မော်ချီးဒေသမှာ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန် (ပေါ်ဆန်းမွှေး) ကို တစ်အိတ် ၄သိန်း ကျပ် ၊
ရွှေရေအေး (ဆန်)တစ်အိတ် ၁သိန်း ၇၀၀၀၀ ကျပ်၊ စားဆီ တစ်လီတာ ဗူး ၁ဗူး ၈၀၀၀ ကျပ် ၊ ငရုတ်သီးခြောက် တပိဿာ ၈၀၀၀၀ ကျပ်၊ ဓာတ်ဆီ ၁ လီတာ ၇၀၀၀ ကျပ်၊ ကြက်သွန်နီ ၁ပိဿာ ၈၀၀၀ ကျပ်၊ ကြက်သွန်ဖြူ ၁ပိဿာ ၁၀၀၀၀ ကျပ်၊ ခရမ်းချဥ်သီး ၁ပိဿာ ၁၀၀၀၀ ကျပ်၊ ပေး၀ယ်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မော်ချီးမှာတော့ တောင်ပေါ် ၊တောင်အောက် ဆိုပြီး ဒေသအလိုက် စျေးနှုန်းကွာဟချက်ရှိသလို ရောင်းတဲ့ဆိုင် အပေါ်မူတည်ပြီးလည်း စျေးနှုန်းကွာဟမှု ရှိတယ်လို့ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ