spot_img
15.1 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကယားပြည်နယ်ကြက်ခြေနီအသင်းမှ ခြေတုတပ်ဆင်လိုသူ ၁၇ ဦးကို ဘားအံသို့ ပို့ဆောင်ပေး

ကယားပြည်နယ်ကြက်ခြေနီအသင်းမှ ခြေတုတပ်ဆင်လိုသူ ၁၇ ဦးကို ဘားအံသို့ ပို့ဆောင်ပေး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်အတွင်းက အကြောင်းအမျိူးမျိူးကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးထားတဲ့ ၁၇ ဦးကို ခြေတုတပ်ဆင်ပေးဖို့အတွက် ဩဂုတ်လအတွင်းမှာ နှစ်သုတ်ခွဲပြီး ဘားအံ့သို့ ပို့ဆောင်ပေးခဲ့တယ်လို့ ကယားပြည်နယ် ကြက်ခြေနီအသင်းထံမှ သိရပါတယ်။

“ဒီ ၈ လပိုင်းထဲမှာ ဘားအံကို နှစ်သုတ်ပို့တယ်ပေါ့နော။ ပထမတစ်ခေါက် ၁၉ရက်နေ့ကျတော့ ယောကျာ်းလေးက ၈ယောက်၊ မိန်းကလေးက နှစ်ယောက် အကုန်လုံး စုစုပေါင်း ၁၀ ယောက်ပို့တယ်။ အကူ ၄ယောက်လည်းပါတော့ ၁၄ဦးပေါ့နော။ ၂၆ရက်နေ့ ဒုတိယအကြိမ်ပို့တာကတော့ ယောကျ်ားလေးက ၅ဦး၊ မိန်းကလေးက ၂ဦး စုစုပေါင်း ၇ဦးပို့တယ်။”လို့ ကယားပြည်နယ် ကြက်ခြေနီအသင်း တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘားအံခြေတုလက်တု ပြန်လည်သန်စွမ်းရေးဌာန နဲ့ ကယားပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းဆောင်ရွက်ပြီး ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်အတွင်းက အကြောင်းအမျိုးမျိုးကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသူတွေကို ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – ကယားပြည်နယ်ကြက်ခြေနီအသင်း။

ခြေတုတပ်ဆင်တဲ့သူတွေထဲမှာ အသက် ၅နှစ်ဝန်းကျင်အရွယ်ကနေစပြီး အသက် ၆၀ကျော်အထိ ပါဝင်တယ်လို့ သိရပါတယ်။

“ကျမတို့ကြက်ခြေနီအသင်းကတော့ ကြက်ခြေနီအသင်းကနေ ချမှတ်ထားတဲ့ မူကနေပြီးတော့မှ ဘောင်အတွင်းကနေပြီးတော့မှ လူမျိုးဘာသာမခွဲခြားဘဲ ကူညီတာရှိပါတယ်။”လို့ အဆိုပါ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ကရင်နီဒေသအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးပြီး ခြေတုတပ်ဆင်လိုသူတွေအနေနဲ့ ကယားပြည်နယ်ကြက်ခြေနီအသင်းကို ဆက်သွယ်နိုင်တယ်လို့ အသိပေးထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ