spot_img
23.2 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းWY စာတမ်းပါ ပန်းရောင်ဆေးပြား (၂၇၁) ပြားနဲ့ ရောင်းဝယ်သုံးစွဲသူတွေကို KSP ပူးပေါင်းတပ်ဖွဲ့ဖမ်းဆီး

WY စာတမ်းပါ ပန်းရောင်ဆေးပြား (၂၇၁) ပြားနဲ့ ရောင်းဝယ်သုံးစွဲသူတွေကို KSP ပူးပေါင်းတပ်ဖွဲ့ဖမ်းဆီး

-

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၃ နာရီအချိန်မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေတယ်ဆိုတဲ့ သတင်းအရ KSP ပူးပေါင်းတပ်ဖွဲ့တို့ သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ WY စာတမ်းပါ ပန်းရောင်ဆေးပြား နဲ့ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိတယ်လို့ ကရင်နီပြည်ရဲဌာန (KSP ) ထံကနေ သိရှိရပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ညောင်ပင်ရဲစခန်းမှာ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

KSP ညောင်ပင်၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၅)၊ ပြည်သူ့ကာကွယ်ရေးတပ် PDF (1101) ၊(1106) ပူးပေါင်းတပ်ဖွဲ့တို့ ရှာဖွေစစ်ဆေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်တဲ့နယ်မြေတွေမှာ KSP ပူးပေါင်းတပ်ဖွဲ့ဟာ မူးယစ်ဆေးဝါး အန္တာရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောမှု လုပ်ဆောင်တာရှိနေပြီး ခရီးသွားပြည်သူတွေကြားမှာ မူးယစ်ဆေးဝါးသယ်ဆောင်ခြင်း မရှိစေရေးအတွက်လည်း ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ဆေးခြင်း၊ ကင်းလှည့်ခြင်းတွေကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ကရင်နီပြည်ရဲဌာန(KSP) ဖွဲ့စည်းပြီး ၂နှစ်တာကာလအတွင်း ရဲစခန်း (၈) ခုနဲ့ လုံခြုံရေးကင်း ၄ခုမှာ လူထုအခြေပြုရဲလုပ်ငန်းတွေနဲ့ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး နဲ့ အခြားသော ဝန်ဆောင်မှုတွေကို လုပ်ဆောင်လျက်ရှိနေတယ်လို့ KSP ထံကနေ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ