Homeသတင်းစစ်ကောင်စီတပ်သားသုံးဦး လက်နက်အပြည်အစုံနဲ့ CDM ပြုလုပ်

စစ်ကောင်စီတပ်သားသုံးဦး လက်နက်အပြည်အစုံနဲ့ CDM ပြုလုပ်

-

ကန္တာရဝတီတိုင်း(မ်)

စက်တင်ဘာလ တတိယပတ်အတွင်း စစ်ကောင်စီတပ်သားသုံးဦးဟာ လက်နက်အပြည့်အစုံ ယူဆောင်လာပြီး ဖယ်ခုံမြို့နယ်က PDF တပ်ဖွဲ့တစ်ခုထံ CDM ပြုလုပ်ပြီး ဝင်ရောက်လာတယ်လို့ ဖယ်ခုံ PDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ဖယ်ခုံမြို့နယ်ထဲက PDF တစ်ဖွဲ့ဆီမှာ အလင်းဝင်လာတာပေါ့။ လက်နက်ခဲယမ်းပါမယ်။ လက်နက်ပါမယ် ကျည်ပါမယ် ဘောက်ကတော့ လေးဘောက်ပါမယ်။” လို့ ဖယ်ခုံPDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ကော်စီတပ်သားသုံးဦးမှာ ခလရ ၅၄ တပ်က နှစ်ဦးနဲ့ ခမရ ၄၂၂ တပ်က တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါစစ်ကောင်စီတပ်သား ဝင်ရောက်လာတဲ့ PDF တပ်ဖွဲ့ကိုတော့ လတ်တလော လုံခြုံရေးအရ ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ မေလမှာ ကရင်နီပြည်သူ့ရင်ခွင် CDMဌာနကို ဖွင့်လှစ်ခဲ့ပြီးနောက် စစ်ကောင်စီ လက်အောက်ကနေ ရုန်းထွက်ပြီး အလင်းဝင်လာတဲ့ CDM စစ်သား ၁၅၀ ခန့်ရှိပြီး ဗိုလ်ကြီး၊ တပ်ကြပ်ကြီးအဆင့်ရာထူးရှိသူတွေပါ ပါဝင်လာတယ်လို့ ကရင်နီပြည်သူ့ရင်ခွင်ထံကနေ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ