spot_img
18.3 C
Loikaw
Sunday 15, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒီးမော့ဆို အနောက်ဘက်ခြမ်း စစ်ရှောင်စခန်းတခုမှာ ကလေးအတွက် ဘက်စုံစွမ်းရည်ပြိုင်ပွဲ ပြုလုပ်ပေး

ဒီးမော့ဆို အနောက်ဘက်ခြမ်း စစ်ရှောင်စခန်းတခုမှာ ကလေးအတွက် ဘက်စုံစွမ်းရည်ပြိုင်ပွဲ ပြုလုပ်ပေး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စာသင်ကျောင်းမှာ ကလေးဘက်စုံစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ (အောက်တိုဘာ ၅ ရက်နေ့) မှာ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

ပညာသင်ယူနေကြတဲ့ ကလေးတွေကို စိတ်ဖီးစီးမှုကနေ လွတ်မြောက်စေလိုပြီး ကလေးတွေမှာ ရှိတဲ့ ပင်ကိုယ်အရည်အချင်းကို ထုတ်ဖော်ပြသစေလိုတဲ့ ရည်ရွယ်ချက်ကြောင့် ပြုလုပ်ရခြင်းဖြစ်တယ်လို့ ကျောင်းတာဝန်ခံ တစ်ဦးက အခုလိုပြောပါတယ်။

“ကလေးဘက်စုံ စွမ်းရည် ကျင်းပပေးရတဲ့ ရည်ရွယ်ချက်ကတော့ သူတို့မှာ ရှိတဲ့ ပင်ကိုယ်အရည်အသွေးရယ် အရည်အချင်းတွေပေါ့နော် ထုတ်ဖော် ပြသလို့ရအောင် ပြုလုပ်ပေးတဲ့ အစီအစဥ်ပေါ့နော်။ သူတို့ကို သူတို့ ယုံကြည်မှုရှိအောင် ပြီးတော့ သူတို့ ပူးပေါင်းပါဝင်မှု ရှိအောင် စည်းလုံးမှုရှိအောင် ကျနော်တို့ အဲ့တာတွေ ရည်ရွယ်ပြီးတော့မှ ကျ‌နော်တို့ ပြုလုပ်ပေးရခြင်းဖြစ်တယ်ပေါ့နော်”လို့ ကျောင်းတာဝန်ခံက ဆိုပါတယ်။

ဘက်စုံစွမ်းရည်ပြိုင်ပွဲအစီစဥ်မှာ စာစီစာကုံး၊ ပန်းချီ၊ အက၊ အဆို၊ ကျပန်း ကဗျာရွတ်၊ အားကစား၊ ဖက်ရှင်ရှိုး စတဲ့ ပြိုင်ပွဲတွေ ကျင်းပပေးခဲ့တယ်လို့ ကျောင်းတာဝန်ခံက ဆိုပါတယ်။

အဲ့ဒီ စစ်ရှောင်စာသင်ကျောင်းဟာ ကိုယ်ထူကိုယ်ထကျောင်းဖြစ်ပြီး ကျောင်းသားစုစုပေါင်း ၆၃ ဦးနဲ့ ကျောင်းဆရာ၊ ဆရာမ ၁၁ဦးရှိတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ စစ်ရှောင်ဦးရေ ၂၀၈ ဦးရှိပြီး ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ဒေါညေးခူ၊ တနီးလာလဲ၊ ဒေါပေါ်ကလဲ၊ ထီးဖိုးကလိုး စတဲ့ ကျေးရွာခံတွေ လာရောက် စစ်ရှောင်နေကြတဲ့ စခန်းဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ