spot_img
30.5 C
Loikaw
Saturday 21, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းနိုဝင်ဘာလမှာ UNHCR စာရင်းဝင် ဒုက္ခသည်တွေကို ပြန်လည်စစ်ဆေးပြီး တတိယနိုင်ငံပြန်လည်လျှောက်ထားနိုင်တော့မည်

နိုဝင်ဘာလမှာ UNHCR စာရင်းဝင် ဒုက္ခသည်တွေကို ပြန်လည်စစ်ဆေးပြီး တတိယနိုင်ငံပြန်လည်လျှောက်ထားနိုင်တော့မည်

-

ကန္တာရဝတီတိုင်း(မ်)

ထိုင်းနိုင်ငံနယ်စပ် ကရင်နီဒုက္ခသည်စခန်းအမှတ် (၁) မှာ လာမည့် နိုဝင်ဘာလအတွင်း UNHCR စာရင်းဝင်တဲ့ ဒုက္ခသည်တွေကို စိစစ်မှုတွေပြုလုပ်သွားမှာဖြစ်ပြီး၊ အဲဒီနောက်မှာ တတိယနိုင်ငံသွားရောက် အခြေချခွင့်ကို ပြန်လည်လျှောက်ထားနိုင်တော့မယ်လို့ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁)ရဲ့ အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နော်မူသောက ပြောပါတယ်။

“စခန်းထဲမှာရှိတဲ့ လူထုတွေကို ပြန်လည် စစ်ဆေးမယ်။ ၂၀၁၅မှာ URG ကဒ် တခုကို ကိုင်ဆောင်တဲ့သူတွေ၊ ပြီးတော့ ၂၀၁၉ မှာ URG စာရွက်စာတမ်းတွေ ရှိရင်တော့ အဲ့ဒီ ရှိတဲ့သူတွေကို အရင် ဦးစားပေးမယ်။ ဒီအကြောင်းအရင်းတွေက UNHCR ကနေ တိကျ ကြားသိရတာပေါ့နော်။ အဓိက ကတော့ ခုလောလောဆယ် ခေါ်တဲ့နိုင်ငံတွေက US ပဲ ကြားသိရတာပေါ့နော်။ “ လို့ ကရင်နီ ဒုက္ခသည်စခန်း အမှတ် (၁) အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နော်မူသော ကပြောပါတယ်။

တတိယနိုင်ငံအခြေချနေထိုင်ခွင့် လျှောက်ထားနိုင်သူတွေထဲမှာ ၂၀၁၅ ခုနှစ်အတွင်း UNHCR မှာ စာရင်းဝင်ထားသူတွေနဲ့ သူတို့ရဲ့ သားသမီးတွေ၊ ၂၀၁၉ မှာ ထိုင်းပြည်ထဲရေးဝန်ကြီးဌာန (MOI) ရဲ့ စာရင်းဝင်သူတွေနဲ့ သူတို့ရဲ့သားသမီးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်နီ ဒုက္ခသည် အမှတ်(၁ ) စခန်းမှာ နေထိုင်တဲ့ အသက် ၃၀ အရွယ်လူငယ်တဦးကတော့ ဒုက္ခသည်စခန်းမှာ ဝင်ငွေတစုံတရာမရှိပဲ နေထိုင်တာကြာပြီဖြစ်ပြီး တတိယနိုင်ငံသွားရောက်လိုကြောင်း ပြောပါတယ်။

“ ဒီမှာနေရတာကြာပြီး ဘယ်နေရာမှထွက်ပေါက်လည်းမရှိဘူး တတိယနိုင်ငံကိုပဲ သွားချင်တယ် အဲမှာသွားနေရင် ဝင်ငွေတွေပိုရမယ်ထင်တယ်ပေါ့နော်။ ပိုပြီးလည်း ဆင်ပြေမယ်ထင်တယ်။ ဒီမှာနေတာ ထောင်ကျသလိုပဲ အပြင် ထွက်သွားလည်း မရဘူး။ သွားရင်လည်း အဖမ်းခံရမှာ ကြောက်တယ်ပေါ့နော်” လို့သူကပြောပါတယ်။

ထိုင်း -ကရင်နီ နယ်စပ်မှာ ကရင်နီဒုက္ခသည်စခန်းနှစ်ခု ရှိပြီး လူဦးရေ တသောင်းကျော်ရှိပါတယ်။ ထိုင်း- မြန်မာနယ်စပ် တလျောက်မှာတော့ ကရင်နီဒုက္ခသည်စခန်း နှစ်ခု အပါအဝင် ဒုက္ခသည်စခန်း စုစုပေါင်း ကိုးခု ရှိနေတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ