spot_img
30.5 C
Loikaw
Saturday 21, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကရင်နီ တော်လှန်ရေးရုပ်ရှင် ရိုက်ကူးသွားမည်

ကရင်နီ တော်လှန်ရေးရုပ်ရှင် ရိုက်ကူးသွားမည်

-

ကန္တာရဝတီတိုင်း(မ်)

တော်လှန်ရေးကာလ ၂ နှစ်ကျော်အတွင်း ကရင်နီပြည်မှာ ဖြစ်ပျက်ခဲ့တဲ့ တော်လှန်ရေးမှတ်တမ်းတွေကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးသွားမယ်လို့ ကရင်နီအနုပညာဖန်တီးမှု (Karenni’s Arts Creation )အဖွဲ့က ပြောပါတယ်။

“ရည်ရွယ်ချက်ကတော့ တော်လှန်ရေး ၂ နှစ်ကျော်ကာလအတွင်း ကြုံတွေ့ရတဲ့ ရဲဘော်တွေရဲ့ အခြေအနေ၊ စစ်ရှောင်တွေရဲ့ အခက်အခဲတွေကို ပြသချင်တာပေါ့။ ပြီးတော့ ဒါဏ်ရာရသွားတဲ့ ရဲဘော်တွေ၊ ကျဆုံးသွားတဲ့ ရဲဘော်တွေကို ဂုဏ်ပြုချင်တဲ့ ရည်ရွယ်ချက်လဲပါတယ်။” လို့ ကရင်နီအနုပညာဖန်တီးမှု(KAC) အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဆိုပါ တော်လှန်ရေးရုပ်ရှင်ကို ပြည်တွင်းနဲ့ ပြည်ပမှာပါ ရုပ်ရှင်ပြပွဲအနေနဲ့ ပြသသွားမှာဖြစ်ပြီး ရရှိတဲ့ဝင်ငွေတွေကို ကျဆုံးသွားတဲ့ ရဲဘော်မိသားစုဝင်တွေ၊ တိုက်ပွဲအတွင်း ထိခိုက် ဒဏ်ရာရတဲ့ ရဲဘော်တွေနဲ့ စစ်ရှောင်ကလေးပညာရေး အတွက် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

“ရုပ်ရှင်ပြပြီး ရလာတဲ့ဝင်ငွေတွေကိုတော့ တော်လှန်ရေးရဲဘော်တွေ အတွက်လိုတဲ့ စစ်ဘက်သုံး ပစ္စည်းတွေ ထောက်ပံ့နိုင်ဖို့ပေါ့။ နောက်ပြီးတော့ စစ်ရှောင်တွေ လိုအပ်နေတဲ့စားနပ်ရိက္ခာတွေ စစ်ရှောင်ကလေးတွေရဲ့ ပညာရေး သင်ထောက်ကူပစ္စည်းတွေ ပြီးတော့ အခြားလူမှုရေး လုပ်ငန်းတွေမှာ ကူညီသွားမှာပေါ့။” လို့ အဆိုပါ အဖွဲ့ဝင်တစ်ဦးက ဆက်ပြောပါတယ်။

အဲ့ဒီ ရုပ်ရှင်ကို ယခု အောက်တိုဘာလအတွင်း စတင်ရိုက်ကူးနေပြီး လာမယ့် ၂၀၂၄ နှစ်စပိုင်းမှာ ပြသသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ကရင်နီအနုပညာဖန်တီးမှုအဖွဲ့ ကို ကရင်နီပြည်အတွင်းက အနုပညာကို စိတ်ဝင်စားတဲ့ ဝါသနာရှင်လူငယ်တွေနဲ့ ဇွန်လအတွင်းမှာ စတင်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ