Homeသတင်းKNDF ဖွဲ့စည်းပြီး ၂၈လ အတွင်း တပ်ဖွဲ့၀င် (၁၇၁) ဦးကျဆုံး

KNDF ဖွဲ့စည်းပြီး ၂၈လ အတွင်း တပ်ဖွဲ့၀င် (၁၇၁) ဦးကျဆုံး

-

ကန္တာရတီတိုင်း(မ်)

၂၀၂၁ခုနှစ် စစ်ကောင်စီအာဏာသိမ်းပြီးနောက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) စတင်ဖွဲ့စည်းပြီး ၂၈လ (၂နှစ် ၄လ) အတွင်း တပ်ဖွဲ့၀င် ရဲဘော် (၁၇၁)ဦး ကျဆုံးမှုရှိခဲ့တယ်လို့ KNDF လစဥ် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ကျဆုံးသွားတဲ့ KNDF တပ်ဖွဲ့၀င်ရဲဘော် တို့ရဲ့ မိသားစု၀င်အတွက် လစဥ်ထောက်ပံ့ပေးနေတာရှိတယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေး တာ၀န်ရှိသူတစ်ဦးက ဆိုပါတယ်။

” ကျဆုံးရဲဘော် မိသားစုတွေအတွက် ဆန် လစဥ်ထောက်ပံ့တာတွေရှိပါတယ်” လို့သူက ပြောပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်တွေထဲမှာ ရဲမေလည်းပါ၀င်ပါတယ်။ ကျဆုံးသွားတဲ့ရဲမေတွေရဲ့ စာရင်းကိုတော့ သီးခြားပြုစုထားတာ မရှိသေးဘူးလို့ ဆိုပါတယ်။

“ဒီတော်လှန်ရေးမှာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအတွက် အသက်ပေးသွားတဲ့ ရဲဘော်တွေအားလုံး ရဲဘော်တွေအားလုံးကိုကျနော်တို့ ကရင်နီအမျိုးသား အာဇာနည်အဖြစ် အသိမှတ်ပြုတယ်။ ကျနော်တို့ အစဥ်အမြဲ လေးစားအသိအမှတ်ပြုတယ်ဆိုတဲ့ အကြောင်းပဲပြောချင်ပါတယ်။” လို့ KNDF သတင်းနှင့်ပြန်ကြားရေးတာ၀န်ရှိသူက ဆိုပါတယ်။

အဲ့ဒီ ၂၈လ အတွင်း KNDF က ပူးပေါင်းတပ်ဖွဲ့တွေ နဲ့ စစ်ကောင်စီကြားတိုက်ပွဲပေါင်း ၁၀၆၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီ တပ်ဖွဲ့၀င် (၂၃၈၂) ဦးထက်မနည်း သေဆုံးခဲ့တယ်လို့လည်း ဆိုထားပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ဟာ တပ်ရင်း ၂၂ ရင်းနဲ့ အခိုင်အမာဖွဲ့စည်းထားပြီး ကရင်နီပြည်ရဲ့ မြို့နယ်အသီးသီးနဲ့ ရှမ်းပြည်တောင်ပိုင်းမြို့နယ်တွေမှာပါ တပ်ဖြန့် လှုပ်ရှားနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ