spot_img
31.2 C
Loikaw
Sunday 15, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖရူဆိုစစ်ရှောင်စခန်းမှာ ရာသီတုပ်ကွေးကြောင့် ကလေးတွေ ဖျားနာ၊ ကျောင်းပိတ်ထားရ

ဖရူဆိုစစ်ရှောင်စခန်းမှာ ရာသီတုပ်ကွေးကြောင့် ကလေးတွေ ဖျားနာ၊ ကျောင်းပိတ်ထားရ

-

CJ / ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတစ်နေရာမှာ ရာသီတုပ်ကွေးကြောင့် ကလေးအများစု ဖျားနာနေကြတယ်လို့ စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

“ကလေးတွေ ဖျားကြလို့၊ ကျောင်းတော့ ပိတ်ထားလိုက်ရတယ်၊ တုပ်ကွေးလာမသိဘူး၊ နှစ်ပတ်အထိရှိနေပြီ။ ကျောင်းတော့ သုံးရက်ပိတ်မယ် ပြောတယ်။”လို့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်ကူညီသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းက စာသင်ကျောင်းဟာ စစ်ရှောင်တွေ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ ကျောင်းဖြစ်ပြီး စာသင်ကြားပေးတဲ့ ဆရာ၊ ဆရာမ ၉ ဦးနဲ့ ကလေးငယ် ၆၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။

ကရင်နီပြည်က စစ်ရှောင်စခန်းတွေမှာ ရာသီဥတုကြောင့် ဖျားနာသူတွေများနေတယ်လို့ သိရပါတယ်။ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေသခံတွေနဲ့ စစ်ရှောင်တွေကလည်း ဖျားနာမှုတွေ များပြားနေတယ်လို့ ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ