spot_img
17.8 C
Loikaw
Sunday 7, December 2025
spot_img
Homeသတင်းစစ်ကောင်စီရဲ့ ရိုက်နှက်ခြင်းခံရတဲ့ အမျိုးသားတစ်ဦး ဆေးကုသရင်းသေဆုံး

စစ်ကောင်စီရဲ့ ရိုက်နှက်ခြင်းခံရတဲ့ အမျိုးသားတစ်ဦး ဆေးကုသရင်းသေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့နယ် လောပိတ အခြေစိုက် ခလရ (၇၂)တပ်က စစ်ကောင်စီတပ်သားတွေဟာ  ဒေသခံ အမျိုးသားတစ်ဦးကို မသင်္ကာလို့ ခေါ်ယူစစ်ဆေးရာကနေ ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသားဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်နေ့က ဖမ်းဆီးရိုက်နှက်ခံရတာဖြစ်ပြီး ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေကြောင့် အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့ မန္တလေးဆေးရုံမှာ ဆေးကုသရင်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့အမျိုးသားမှာ အသက် ၃၀ ၀န်းကျင်အရွယ်ရှိပြီး စစ်ရှောင်ဖြစ်တယ်လို့သိရပါတယ်။

ဖမ်းဆီး ရိုက်နှက်ခံရတဲ့ ညနေပိုင်းမှာပဲ အာမခံနဲ့ ပြန်လည် လွတ်မြောက်လာတာဖြစ်‌ပေမယ့် ဒဏ်ရာတွေကြောင့် သေဆုံးသွားရတာ ဖြစ်တယ်လို့ သိရပါတယ်။

“တစ်ကိုယ်လုံးရိုက်ထားတာနဲ့တူတယ်။ အထဲက ဗိုက်တွေ အကုန်ထိနာကုန်တယ်။ သူမခံနိုင်တော့တာ ထင်တယ်။ ဖင်မှာ ရိုက်ထားတာတော့ အပေါ်ယံ အရေပြားတွေ မရှိတော့ဘူး။ ပြည်တွေတောင် ကျကုန်တယ်။ ဖင်က အသားတွေတောင် အကုန်ကျေသွားသလိုမျိုးပဲ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်သက်သေ တစ်ဦးက ပြောပါတယ်။

သေဆုံးသွားတဲ့သူဟာ အိမ်ထောင်သည် အမျိုးသား ဖြစ်ပြီး ကလေးငယ် တစ်ဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသားဟာ အောက်တိုဘာလ (၂)ရက်နေ့မှာလည်း ဦးလေးဖြစ်သူနဲ့ အတူ ကျေးရွာထဲကို ပစ္စည်း ပြန်ယူရင်း ဦးလေးဖြစ်သူဟာ စစ်ကောင်စီ ထောင်ထားတဲ့ မြေမြုပ်မိုင်းကို နင်းမိကာ သေဆုံးသွားခဲ့ရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ