spot_img
21.9 C
Loikaw
Sunday 15, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်း က စစ်ရှောင်စခန်းအတွက် ဆေးပေးခန်း လိုအပ်နေ

လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်း က စစ်ရှောင်စခန်းအတွက် ဆေးပေးခန်း လိုအပ်နေ

-

ကန္တာရဝတီ တိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ ကျန်းမာရေး ပေးဆေးခန်းမရှိတာကြောင့် စစ်ရှောင်တွေ ဖျားနာရင် တခြားသော ကျေးရွာဆေးပေးခန်း ဒါမှမဟုတ် တခြားစစ်ရှောင်စခန်းက ဆေးခန်းကို သွားရောက်ပြသနေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

ကျန်းမာရေး အသင်းအဖွဲ့တစ်ခုကနေ လစဥ်ပုံမှန် တစ်လကို ၁ ကြိမ် လာရောက် ကုသပေးတာတွေ ရှိနေပေမယ့် စစ်ရှောင်စခန်းမှာ အရေးပေါ် ကျန်းမာရေးကိစ္စအတွက် ဆေးပေးခန်း ရှိသင့်တယ်လို့ ဆိုပါတယ်။

ကလေးတွေ ဖျားနာရင် ရှိနေတဲ့ ဆေးတွေနဲ့သာ ကုသနိုင်ပြီး ကျန်းမာရေး ဆိုးဝါးလာရင်တော့ တစ်ခြားစစ်ရှောင်စခန်းက ဆေးခန်းကို သွားရောက်ပြသရတယ်လို့ စစ်ရှောင်စခန်းရဲ့ ကျောင်းမှာ စာသင်ပေးနေတဲ့ စေတနာ့ဝန်ထမ်း ဆရာမ တစ်ဦးက ပြောပါတယ်။

“ကျန်းမာရေး တအားဆိုးပြီ ဆိုရင်တော သွားရတယ်။ သူများ စစ်ရှောင်စခန်းတွေမှာ သွားရတယ်။ တအားဝေးတယ်။ လမ်းခရီးကလည်း ဆင်မပြေဘူး။ အ့လိုမျိုးပေါ့။”လို့ သူက ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းကနေ တခြား ဆေးခန်းကို သွားလာဖို့အတွက် ဆိုင်ကယ်နဲ့သွားပါက ၁နာရီဝန်းကျင် မောင်းနှင်ရပြီး လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲတယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ရှောင်စခန်းဟာ တိုက်ပွဲတွေကြောင့် စစ်ရှောင်ရတဲ့ ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်တွေအပါအဝင် လွိုင်ကော်မြို့နယ်အတွင်းက ကျေးရွာပေါင်း ၆ ရွာက ဒေသခံတွေ စုပေါင်းနေထိုင်ပြီး အိမ်ခြေ ၅၀နီးပါးရှိတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ