spot_img
31.6 C
Loikaw
Sunday 15, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလွိုင်ကော်မြို့ နောင်ယားကန်မှာ သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်း တွေ့ရှိ

လွိုင်ကော်မြို့ နောင်ယားကန်မှာ သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်း တွေ့ရှိ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့မှာရှိတဲ့ နောင်ယားကန်မှာ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို ဒီကနေ့ အောက်တိုဘာလ ၃၁ရက်နေ့ မနက် ၇ နာရီခွဲ အချိန်မှာ တွေ့ရှိခဲ့တယ်လို့ ရွှေလွိုင်ကော်ပရဟိတ အသင်းဝင်တစ်ဦးက ကန္တရဝတီတိုင်း(မ်) ကိုပြောပါတယ်။

သေဆုံးသူဟာ ဦးတေဇနေထူး(ခ)ထူးထူး ဖြစ်ပြီး ရုပ်အလောင်းကိုတော့ လွိုင်ကော်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – ရွှေလွိုင်ကော်ပရဟိတအသင်း

“သူ့အိမ်က ပျောက်သွားတာက လပြည့်နေ့က ပျောက်သွားတာတဲ့။ လပြည့်နေ့ပျောက်သွားပြီးတော့ သူက အရက်ကြောင်နေတယ်လို့လည်း ပြောတယ်။ ပြီးတော့ အလောင်းကတော့ ဒီမနက် ၇နာရီခွဲလောက်မှာ တွေ့တာပေါ့” လို့ ရွှေလွိုင်ကော်ပရဟိတ အသင်းဝင်တစ်ဦးက ပြောပါတယ်။

အဆိုပါ အမျိုးသားဟာ စိတ်ကျန်းမာရေး ချို့တဲ့ သူတစ်ဦးဖြစ်ပြီး လွိုင်ကော်မြို့ စျေးပိုင်းရပ်ကွက်မှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။ အိမ်ထောင်သည် အမျိုးသားဖြစ်ပြီး သီတင်းကျွတ် လပြည့်နေ့မှာ အိမ်ကနေ ပျောက်သွားရာကနေ နှစ်ရက်အကြာမှာ သေဆုံးတဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ