spot_img
18.3 C
Loikaw
Sunday 15, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းထီးပေါ်ဆို- ဒေါညေးခူ လမ်း အသွားအလာမပြုလုပ်ဖို့ KNDF တပ်ရင်း ၁၅ ထုတ်ပြန်

ထီးပေါ်ဆို- ဒေါညေးခူ လမ်း အသွားအလာမပြုလုပ်ဖို့ KNDF တပ်ရင်း ၁၅ ထုတ်ပြန်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲက ထီးပေါ်ဆို -ဒေါညေခူ လမ်းပိုင်းတလျောက်ကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် အဆိုပါလမ်းကို အသုံးမပြုကြဖို့ ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း(၁၅) က အသိပေးထုတ်ပြန်ထားပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းတွေဟာ ဖရူဆိုကနေ လွိုင်ကော်ဘက်ကိုဦးတည်စစ်ကြောင်းထိုးနေ တယ်လို့ ကရင်နီတပ်မတော်က သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

“ဒီမနက်တော့ အဲ့ဖက် စစ်ကြောင်းထိုးထားတယ်ဗျ။ တပ်စွဲထားတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီတိုင်းပဲ ဒီစစ်ကြောင်းကို လွိုင်ကော်ဖက်ပြန် ထိုးသွားတဲ့ပုံစံမျိုး။ အဓိက လမ်းမကြီးဘေး အဲလိုပဲ ဖြတ်သွားတယ်ဗျ။” လို့ မြေပြင်မှာရှိနေတဲ့ ကရင်နီတပ်မတော် သတင်းရင်းမြစ်တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို အတည်ပြုပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်တွေဟာ လက်ရှိမှာ ဒေါညေခူကျေးရွာအတွင်းကိုရောက်ရှိပြီဖြစ်ပြီး အချိန်မရွေးတိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့် အခုလိုလမ်းကို အကန့်အသတ်မရှိ ပိတ်ထားရတာဖြစ်တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ