spot_img
31.6 C
Loikaw
Sunday 15, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလက်နက်ကြီးပစ်ခတ်နေတဲ့အတွက် ယာယီပိတ်ထားတဲ့ စာသင်ကျောင်း လေးကျောင်း တလကြာတဲ့အထိ မဖွင့်နိုင်သေး

လက်နက်ကြီးပစ်ခတ်နေတဲ့အတွက် ယာယီပိတ်ထားတဲ့ စာသင်ကျောင်း လေးကျောင်း တလကြာတဲ့အထိ မဖွင့်နိုင်သေး

-

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည်၊ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်တွေ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်သင်ကြားနေတဲ့ စာသင်ကျောင်း လေးကျောင်းဟာ စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ပိတ်ထားရတာ တလကြာမြင့်နေပြီး လက်ရှိအချိန်ထိ ကျောင်းပြန်လည် မဖွင့်လှစ်နိုင်သေးဘူးလို့ သိရပါတယ်။

လက်ရှိ ပိတ်ထားတဲ့ စာသင်ကျောင်း ‌လေးကျောင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ယာယီပိတ်ထားခဲ့တယ်လို့ သိရပါတယ်။

“အဲ့ ဘက်မှာတော့ ပိတ်ထားတယ် ၊ တောင်ဘက်ခြမ်းမှာတော့ ကိုယ်ထူကိုယ်ထ လေးကျောင်းအထိ ပိတ်ထားတယ်” လို့ ကျောင်းဆရာမတဦးက ပြောပါတယ်။

ဒီးမော့ဆို – ဖရူဆိုမြို့ ပြည်ထောင်စုလမ်းမကြီးတလျောက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းရှိရာဖက်တွေကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုရှိနေတဲ့အတွက် လုံခြုံရေးအရ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

“မထင်မထင်သလို သူတို့ ရမ်းသမ်း ပစ်ခတ်နေတာပဲလေး။ ကျမတို့ မပြောတတ်ဘူးပေါ့ သူတို့(စစ်ကောင်စီ)က တခါတလေ ညအချိန်ဆို တိတ်ဆိတ်နေရင်လည်း ပစ်တယ်ပေါ့နော။” လို့ ဖရူဆို ဒေသခံတဦးက ဆိုပါတယ်။

ပိတ်ထားခဲ့ရတဲ့ ကိုယ်ထူကိုယ်ထ ကျောင်း လေးကျောင်းမှာ အထက်တန်း တကျောင်း၊ မူလတန်းလွန် တကျောင်းနဲ့ မူလတန်း နှစ်ကျောင်း ဖြစ်တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ